တောင်ကိုရီးယားသမ္မတဟောင်းကို ဖမ်းဝရမ်းထုတ် လျှောက်ထားမှု တရားရုံး လက်ခံခွင့်ပြု
- Zayar Oo
- Jan 1, 2025
- 1 min read
BVJ/Moore _ ဒီဇင်ဘာ ၃၁ ၊ ၂၀၂၄

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆတ်ယိုကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုမှုအပေါ် တရားရုံးက ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ သမ္မတဟောင်း ယွန်းဆတ်ယိုရဲ့ စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်ခဲ့မှုပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီးချိန် ဖမ်းဝရမ်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
သမ္မတဟောင်း ယွန်းဆတ်ယို မာရှယ်လောထုတ်ပြန်ခဲ့မှုကြောင့် လွှတ်တော်နဲ့ ပြည်သူလူထုရဲ့ စွပ်စွဲပြစ်တင် ရှုတ်ချမှုကို ခံခဲ့ရပြီးချိန် အဆင့်မြင့်တာဝန်ရှိသူများဆိုင်ရာ အကျင့်ပျက်ခြစားမှု စုံစမ်းရေးရုံး (CIOHO)က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ပေးဖို့ ဆိုးလ်မြို့ အနောက်ပိုင်းခရိုင် တရားရုံးကို လျှောက်ထားတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

သမ္မတရုံး ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ခံထားရတဲ့ ယွန်းဆတ်ယိုဟာ နိုင်ငံတော်ပုန်ကန်မှုမှာ ဦးဆောင်ခဲ့သူတစ်ဦးအဖြစ် စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါဟာ တောင်ကိုရီးယားသမ္မတတစ်ယောက်အတွက် ကင်းလွတ်ခွင့်မရရှိထားတဲ့ ပြစ်မှုအချို့ထဲက တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ ယွန်းဆတ်ယို ဖမ်းဆီးခံရပါက သမ္မတတာဝန်ထမ်းဆောင်ချိန်အတွင်း ပထမဆုံးအကြိမ် ဖမ်းဆီးခံရတဲ့ တောင်ကိုရီးယားသမ္မတတစ်ဦးလည်း ဖြစ်လာမှာဖြစ်ပါတယ်။
ဆိုးလ်မြို့ အနောက်ပိုင်းခရိုင် တရားရုံးက ခွင့်ပြုလိုက်တဲ့ သမ္မတဟောင်း ယွန်းဆတ်ယိုကို ဖမ်းဝရမ်းထုတ်မှုဟာ လာမယ့် ၂၀၂၅ ဇန်နဝါရီ ၆ ရက်နေ့အထိ အကျုံးဝင်နေမှာဖြစ်ပြီး တရားစွဲဆိုမှုတွေ မလုပ်ဆောင်မီ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နိုင်ဖို့အတွက် ယွန်းဆတ်ယိုကို ၄၈ နာရီကြာ ဖမ်းဆီးချုပ်နှောင်ထားခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။
Ref : Reuters




Comments