တောင်ကိုရီးယားလေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ ၁၆၀ ကျော်အထိ မြင့်တက်လာ (PHOTO NEWS)
- Zayar Oo
- Dec 31, 2024
- 1 min read
BVJ/ထက်အောင် _ ဒီဇင်ဘာ ၂၉ ၊ ၂၀၂၄

တောင်ကိုရီးယားနိုင်ငံ တောင်ဘက်စွန်း မူအန် (Muan) နိုင်ငံတကာလေဆိပ်မှာ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ ၁၆၇ ဦးအထိရှိလာပြီလို့ တောင်ကိုရီးယား မီးသတ်ဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦး စုစုပေါင်း ၁၈၁ ဦး လိုက်ပါလာတာလည်း ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက မီးလောင်နေတဲ့ လေယာဉ်အပျက်အစီးအတွင်း လေယာဉ်ဝန်ထမ်း ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့လည်း ဖြစ်တယ်လို့ သိရပါတယ်။
မူအန်လေဆိပ်မှာ လေယာဉ်ဆင်းသက်ချိန် ဘီးချမရဖြစ်ကာ လေယာဉ်ပြေးလမ်းတစ်လျှောက် ပြေးလမ်းချော်ပြီး လေဆိပ်ခြံစည်းရိုးကို ဝင်တိုက်ခဲ့ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ မူအန်လေဆိပ်ဟာ တောင်ကိုရီးယာနိုင်ငံ လေဆိပ်တွေထဲမှာ အသေးငယ်ဆုံးလေဆိပ်တစ်ခုဖြစ်ပါတယ်။
အခုဖြစ်ရပ် လေယာဉ်ပျက်ကျမှုဟာ တောင်ကိုရီးယားနိုင်ငံအတွင်း ဒုတိယမြောက် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်က ဂူအမ်လေဆိပ်မှာ ကိုရီးယားလေကြောင်းလိုင်းက လေယာဉ်တစ်စင်း ပျက်ကျခဲ့ချိန် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Photo: Reuters, New York Times


































Comments