တောင်ကိုရီးယားတိုက်လေယာဉ်နှစ်စင်း နေရာမှားဗုံးကြဲမှုကြောင့် အနည်းဆုံး ၁၅ဦး ဒဏ်ရာရ
- BVJ
- Mar 8
- 1 min read
BVJ/Moore _ မတ် ၆ ၊ ၂၀၂၅

ဒီနေ့မနက်ပိုင်း လေ့ကျင့်ရေးပြုလုပ်နေစဥ်အတွင်း တောင်ကိုရီးယား တိုက် လေယာဉ်နှစ်စင်း နေရာမှားယွင်းဗုံးကြဲမှုကြောင့် အနည်းဆုံး၁၅ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး နေအိမ်အဆောက်အဦးတွေ ပျက်စီးသွားတယ်လို့ The Korea Heraldမှာ သတင်းဖော်ပြထားပါတယ်။
လေတပ်လေ့ကျင့်ရေးတိုက်လေယာဉ်နှစ်စင်း ဗုံးမှားယွင်းကြဲချမှုဖြစ်ပွားခဲ့တဲ့ နေရာဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနယ်စပ်နားက ရွာတစ်ရွာဖြစ်ပါတယ်။ အမေရိကန်စစ်တပ်နဲ့ ပူးတွဲလေ့ကျင့်နေတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း KF-16 ဂျက်ဖိုက်တာလေယာဉ်နှစ်စင်းက MK-82 ဗုံးအမျိုးအစား ၈ လုံးကို နေရာမှားယွင်း ကြဲချခဲ့တာဖြစ်ခဲ့တယ်လို့ တောင်ကိုရီးယားလေတပ်က အတည်ုပါတယ်။
ဒဏ်ရာရတဲ့ ၁၅ဦးထဲမှာ နှစ်ဦးက စိုးရိမ်ရပြီး ၁၃ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလိုသိရပါတယ်။ ဒဏ်ရာမစိုးရိမ်ရတဲ့ ၁၃ဦးထဲမှာ ၅ဦးက တောင်ကိုရီးယားစစ်သား၅ဦးပါတယ်လို့ သိရပြီး ထိုင်းနဲ့ နီပေါနိုင်ငံသားနှစ်ဦးလဲပါဝင်ပါတယ်။ ထိခိုက်ပျက်စီးမှုအတွင်း ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ အတိအကျမသိရသေးဘူးလို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
ဂျက်ဖိုက်တာလေယာဉ် နေရာမှားယွင်းဗုံးကြဲခဲ့မှုအပေါ် တောင်ကိုရီးယားလေတပ် တာဝန်ရှိသူတွေက စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာရသူတွေကို တောင်းပန်ကြောင်း ပြောကြားခဲ့သလို ဗုံးကြဲခံရတဲ့နေရာအတွင်းက ပြည်သူတွေကို အရေးပေါ် နေရာပြောင်းရွှေ့မှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Photo: Reuters, Yonhap
Comments