တောင်ကျရေနဲ့မျောပါပြီး ပင်းတယမှာ လူ ၈ဦး သေဆုံး
- BVJ

- Jul 29
- 1 min read
အေတီ/BVJ_ဇူလိုင် ၂၈၊၂၀၂၅

ရှမ်းပြည်နယ်၊ပင်းတယမြို့က ကျေးရွာတချို့ မှာ တောင်ကျရေရုတ်တရက်ကျဆင်းလာတာကြောင့် လူအချို့မျောပါပြီး အိမ်တွေလည်းပျက်စီးသွားတယ်လို့ သိရပါတယ်။
ဇူလိုင်၂၇ရက်ညပိုင်း ၁၂နာရီကျော်မှာ တောင်ကျရေရုတ်တရက်အရှိန်နဲ့ကျဆင်းလာပြီး ကုန်းစောင်းရွာက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၃ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပါတယ်။


“ပင်းတယနဲ့ ရပ်စောက်ကြားကရွာတချို့ထိတယ်ဗျ၊ လူအသေအပျောက်ရှိတယ်။ ပင်းတယမြို့ ပေါ်ကတော့ ရေဝင်တာ မြေပြိုတာလောက်ပဲရှိတယ်” လို့ပင်းတယမြို့ခံတစ်ဦးက Burma VJ ကိုအတည်ပြုပါတယ်။

လူသေဆုံးမှုအပြင် ကုန်းစောင်းရွာက အိမ်ခြေ ၈၀ပျက်စီးသွားပြီး လူအချို့ကိုကယ်တင်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။







Comments