“မေမေ့ကို လွှတ်ပေးပါ"

48 minutes ago
1 min read
BVJ_စက်တင်ဘာ ၂၃၊ ၂၀၂၆
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်အဲရစ်(ခ)ကိုထိန်းလင်းဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံလိမ်မူထားတဲ့စာတစ်စောင်ကို လန်ဒန်၊မြန်မာသံရုံးကိုသွားရောက်ပေးအပ်ခဲ့ပါတယ်။
အဲ့ဒီစာထဲမှာ မတရားဖမ်းဆီးခံထားရတဲ့သူ့အမေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ ဆက်သွယ်ခွင့်ပြုပေးဖို့စတာတွေကို ရေးသားတောင်းဆိုထားပါတယ်။
"မေမေ အသက် ၈၁နှစ်ရှိပါပြီ။ သူ့ဘဝရဲ့ နှစ်ပေါင်းများစွာကိုဆုံးရှုံးခဲ့ပြီးပါပြီ။
ကျနော့်မေမေနဲ့ တွေ့ခွင့်ပေးပါ။ ကျနော့်မေမေနဲ့စကားပြောခွင့်ပေးပါ။ ကျနော့်မေမေကို လွှတ်ပေးပါ"




Comments