top of page

တိုက်ပွဲအတွင်းဆုံးရှုံးခဲ့တဲ့ ပုဂ္ဂလိကသင်္ဘောတွေအတွက်စိတ်မကောင်းကြောင်း ဗိုလ်ချုပ်ဂွမ်မော်ထုတ်ပြော

Writer: BVJ
BVJ
2 minutes ago
1 min read

BVJ_စက်တင်ဘာ ၂၃၊ ၂၀၂၆

၂၀၂၆၊စက်တင်ဘာ ၂၁ရက်က မန္တလေးဆိပ်ကမ်းကိုပြန်ရောက်ကြောင်း စစ်အုပ်စုဘက်ကဖော်ပြထားပုံ။
၂၀၂၆၊စက်တင်ဘာ ၂၁ရက်က မန္တလေးဆိပ်ကမ်းကိုပြန်ရောက်ကြောင်း စစ်အုပ်စုဘက်ကဖော်ပြထားပုံ။

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ရွှေကူနဲ့ဗန်းမော်မြို့နယ်အတွက် စစ်တပ်ဘက်ကအသုံးပြုနေတဲ့ စစ်သင်္ဘောတွေထဲက အစီး ၂၀နီးပါးကို ကချင်လွတ်မြောက်ရေးတပ်မတော်-KIAက ပစ်ချဖျက်ဆီးထားနိုင်ခဲ့ပါတယ်။


အဲ့ဒီဆုံးရှုံးခဲ့တဲ့သင်္ဘောတွေထဲမှာ စစ်တပ်ရဲ့စေခိုင်းမှုကြောင့် ဗန်းမော်ကိုအတင်းအဓမ္မလိုက်ပါခဲ့ရတဲ့ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေပါနေပြီး တချို့က ၄စီးအထိ ဆုံးရှုံးခဲ့သူတွေရှိနေကြတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ဆုံးရှုံးခဲ့တဲ့ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေအတွက်စိတ်မကောင်းကြောင်း ဒီနေ့ စက်တင်ဘာ ၂၃ရက်မှာ ထုတ်ပြောလာတာပါ။

"ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များ နားလည်ပေးနိုင်မည်ဟုမျှော်လင့်ပါသည်။ နွေဦးတော်လှန်ရေးကာလရဲ့ အရင်းအနှီးဖြစ်သည်မို့ စီးပွားများပြန်လည်တိုးပွားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါသည်"လို့ ဗိုလ်ချုပ်ဂွမ်မော်က သူ့ရဲ့လူမှုကွန်ရက် Facebookကနေ ပြောလာတာပါ။

ဗိုလ်ချုပ်ဂွမ်မော်ရေးသားချက်အရ ပျက်ဆီးခဲ့တဲ့ ပုဂ္ဂလိကသင်္ဘောတန်ဖိုးတွေဟာ သိန်းပေါင်း ရှစ်ထောင်ကနေ သိန်းပေါင်းနှစ်သောင်းအထိ ရှိတယ်လို့သိရပါတယ်။

သြဂုတ်လနောက်ဆုံးပတ်အတွင်းမှာ မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို လူအင်အား၊လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ဆောင်ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာခဲ့တဲ့စစ်သင်္ဘောတွေကို KIAနဲ့ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၆၊စက်တင်ဘာ ၂၁ရက်က မန္တလေးဆိပ်ကမ်းကိုပြန်ရောက်ကြောင်း စစ်အုပ်စုဘက်ကဖော်ပြထားပုံ။
၂၀၂၆၊စက်တင်ဘာ ၂၁ရက်က မန္တလေးဆိပ်ကမ်းကိုပြန်ရောက်ကြောင်း စစ်အုပ်စုဘက်ကဖော်ပြထားပုံ။

စစ်တပ်ဘက်ကတော့ အဲ့ဒီစစ်သင်္ဘောအုပ်စုတိုက်ခိုက်ခံရတာကို တရားဝင်တုန့်ပြန်ထုတ်ပြန်တာမျိုးမရှိဘဲ အခုလ စက်တင်ဘာ ၂၁ရက်မှာတော့ ဗန်းမော်ကစစ်င်္ဘောအုပ်စုဟာ မန္တလေးဆိပ်ကမ်းကိုပြန်လည်ဆိုက်ကပ်လာကြောင်းနဲ့ အောင်ပွဲနဲ့ပြန်လာတဲ့စစ်သည်တွေကို ကြိုဆိုခဲ့တယ်လို့ ဆိုထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page