မင်းတုန်းတိုက်ပွဲနှစ်ရက်အတွင်း အေအေအသာစီးရ

ယူဂရင်း/BVJ_စက်တင်ဘာ ၂၃၊ ၂၀၂၆

အခုလ စက်တင်ဘာ ၂၀နဲ့၂၁ရက်တို့မှာဖြစ်ပွားခဲ့တဲ့ ရခိုင်-မကွေးအစပ်က မင်းတုန်းမြို့နယ်၊ကံကြိုးကျေးရွာနား ပွိုင့်(၉၄၈)ကုန်းအနီးနဲ့ မင်းတုန်း သဖန်ရောင်တိုက်ပွဲတွေအတွင်းမှာ ကျဆုံးခဲ့တဲ့စစ်တပ်ဘက်ကတပ်ဖွဲ့ဝင်တွေနဲ့ ရရှိခဲ့တဲ့လက်နက်တွေကို အာရက္ခတပ်တော်-AAက မနေ့က ညပိုင်းမှာအသိပေးထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်နဲ့အာဏာသိမ်းစစ်တပ်တို့ဖြစ်ပွားခဲ့တဲ့ နှစ်ရက်တာတိုက်ပွဲအတွင်းမှာ ရန်သူ့စစ်ကြောင်းတွေဆီကနေ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြလာတာပါ။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်နိုင်ဖို့အတွက် ရခိုင်ရိုးမအစပ်ဖြစ်တဲ့မင်းတုန်းမြို့နယ်ကနေ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး အဲ့ဒီလမ်းကြောင်းအတွင်းမှာ အာရက္ခတပ်တော်အပါအဝင်၊ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။



Comments