top of page

ညောင်ဦးအခြေစိုက်တပ်ခွဲ NUG MOD အောက်က နုတ်ထွက်

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

NUG အောက်ကနေ နုတ်ထွက်တဲ့တပ်ဖွဲ့ ၇ ဖွဲ့အထိ ရှိလာ


BVJ/ထက်အောင် _ ဧပြီ ၂၄ ၊ ၂၀၂၅


ဓာတ်ပုံ - 21 BAGAN LPDF
ဓာတ်ပုံ - 21 BAGAN LPDF

မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 21 BAGAN LPDF က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ကနေ နုတ်ထွက်ကြောင်း ဒီနေ့ ဧပြီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


21 BAGAN LPDF ဟာ NUG MOD လက်အောက်ခံ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ခွဲ ၃ အဖြစ် ၂၀၂၄ မေလကတည်းက တစ်နှစ်နီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အခု ဧပြီ ၂၃ ရက်မှာ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။


တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း လေးစားမှုမရှိတဲ့အပြင် မြေပြင်အခြေအနေကို အတိအကျမသိဘဲ ဆုံးဖြတ်နေတာတွေကြောင့် နုတ်ထွက်ရတာဖြစ်ပြီး ပြည်သူဘက်ကရပ်တည်တဲ့ အခြားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ ဆက်လက်တော်လှန်မယ်လို့ 21 BAGAN LPDF က အသိပေးထုတ်ပြန်ထားပါတယ်။


21 BAGAN LPDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ယက္ခက “အဓိကကတော့ ပြည်သူ့အတွက် ပြည်သူ့မျက်နှာကြည့် အလုပ်လုပ်နေပေမယ့်လည်း အကောင်းမမြင်တာရယ်၊ မြေပြင်ကိစ္စတွေကို တိတိကျကျမသိဘဲ ဆုံးဖြတ်တာတွေရယ်က အဓိကပါ။ တော်လှန်ရေးပြီးသည်အထိ အမှန်တကယ် ပြည်သူ့အတွက်အလုပ်လုပ်မယ့် ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြိး ဘုံရန်သူကို တိုက်ထုတ်သွားမှာပါ” လို့ Burma VJ ကို ပြောပါတယ်။


21 BAGAN LPDF နုတ်ထွက်ရတာနဲ့ပတ်သက်ပြီး NUG MOD ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကို Burma VJ ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


NUG MOD လက်အောက်ကနေ နုတ်ထွက်သွားတဲ့ 21 BAGAN LPDF က တပ်ခွဲ ၃ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်မှာ ညောင်ဦးမြို့နယ် ပကဖဆီကနေရရှိခဲ့တဲ့ MA1 သေနတ် ၂ လက်၊ ၅.၅၆ ကျည်အတောင် ၂၀၀ ၊ ကျည်ဘောက် ၆ ခုတို့ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။


လက်ရှိအချိန်ထိ NUG MOD အောက်ကနေ နုတ်ထွက်ကြောင်း ထုတ်ပြန်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့အထိရှိလာပြီး အခုလ ဧပြီ ၂၁ ရက်ကလည်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းကလည်း နုတ်ထွက်ခဲ့သလို ရှမ်းတောင်နဲ့ ကရင်နီအစပ်မှာရှိတဲ့ အမှတ် ၁၀၀၅ တပ်ရင်း (SSPDF) နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY)၊ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းနဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ ဂန့်ဂေါ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါတပ်ရင်း - ယောဒေသ) တို့လည်း နုတ်ထွက်ထားပါသေးတယ်။

Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.
BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page