မြင်းခြံခရိုင်အတွင်း နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံး
- BVJ
- Apr 30
- 1 min read
BVJ/ဇော်_ဧပြီ ၃၀ ၊ ၂၀၂၅

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ် တောင်ခမောက်ရွာနှင့် ကျောက်ပန်းတောင်းမြို့နယ် ထောက်ရှာရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသာကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၅) ဦးသေဆုံးခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Popa Guerilla Force (PGF)က သိရပါတယ်။
ငါ့သရောက်မြို့နယ် ရဲစခန်းမှာတပ်စွဲထားတဲ့ အင်အား ၁၂၀ ပါ စစ်ကောင်စီစစ်ကြောင်းဟာ တောင်သာမြို့နယ် တံတာားကျေးရွာမှာ ဝင်ရောက်တပ်စွဲခဲ့ပြီး အခုလ ၂၇ ရက် မနက်ပိုင်းမှာ တောင်ခမောက်ရွာကို စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသတော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကနေလေကြောင်းပစ်ကူပေးခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာပေးခဲ့ရတယ်လို့ PGF က ထုတ်ပြန်ပါတယ်။
ဧပြီ ၂၈ ရက်နေ့မှာတော့ တောင်ခမောက်ရွာကနေ ကျောက်ပန်းတောင်းမြို့နယ် ထောက်ရှာရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဆက်ဝင်လာတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။

ဧပြီ ၂၇ နဲ့ ၂၈ ရက် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားမှုအတွင်းမှာ စစ်ကောင်စီဘက်က(၅) ဦးသေဆုံးပြီး (၂) ဦး ဖမ်းဆီးရရှိခဲ့ကာ တော်လှန်ရေးအင်အားစုဘက်တွေက ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“သေဆုံးတဲ့ စကစ တပ်ဖွဲ့ဝင်တွေကို (၅) လောင်းအထိ ကျနော်တို့တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းဆေးရုံမှာ သေဆုံးတာတွေတော့ ကျနော်တို့မသိရသေးပါဘူး။ အခုကတော့ ဖမ်းမိတဲ့ သုံ့ပန်း (၂) ဦးကိုတော့ ကောင်းကောင်းမွန်မွန်ထားပါတယ်။ ရဲတပ်သားတစ်ဦးနဲ့ ပျူတစ်ဦးပါတယ်။ ပြီးရင်တော့ တာဝန်ရှိတဲ့သူတွေကို လွှဲပြောင်းပေးသွားမှာြဖစ်ပါတယ်” လို့ Popa Guerilla Force (PGF)တပ်ဖွဲ့ တာဝန်ရှိသူက Burma VJ ကိုပြောပါတယ်။
ထိတွေ့တိုက်ပွဲ (၂) ရက်အတွင်း M 22 (၂) လက်၊ Equipment (၁) ခု၊ လက်ပစ်ဗုံး (၃) လုံး၊ စကားပြောစက် (၄) လုံး နဲ့ 7.62 ကျည် (၈၀) တောင့်နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး Popa Guerilla Force (PGF) နဲ့အတူ ပုဂံပြည်ဘီလူးတပ်၊ 21 Bagan၊ မြင်းခြံခရိုင်တပ်ရင်း (၃)၊ ညောင်ဦးခရိုင်တပ်ရင်း (၅)၊ ဒေါင်းရင်သွေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် ပကဖ၊ မိုးမခ ပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြာက်ကျားတပ်၊ ရန်ကြီးအောင်တပ်၊ မန်းဘခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Scorpions People Defend Force တို့ ပူးပါင်းတိုက်ပွဲဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
Komentáře