top of page

စလင်းမြို့ကို စစ်ကောင်စီစစ်ကြောင်းထိုးဆယ်ရက်အတွင်း အမျိုးသားလေးဦး အသတ်ခံရ

  • Writer: BVJ
    BVJ
  • Mar 24, 2025
  • 1 min read

BVJ/မိုနာ_ မတ် ၂၄၊ ၂၀၂၅

စစ်ကောင်စီတပ်သတ်ဖြတ်သွားတဲ့အရပ်သားလေးဦးရဲ့ အလောင်းတွေကို ရွာသားတွေက သင်္ဂြိုလ်ပေးနေပုံ(ဓါတ်ပုံ-စလင်းပအဖ)
စစ်ကောင်စီတပ်သတ်ဖြတ်သွားတဲ့အရပ်သားလေးဦးရဲ့ အလောင်းတွေကို ရွာသားတွေက သင်္ဂြိုလ်ပေးနေပုံ(ဓါတ်ပုံ-စလင်းပအဖ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းကို စစ်အုပ်စုက ဆယ်ရက်ကြာစစ်ကြောင်းထိုးဝင်ရောက်မှုအတွင်း အမျိုးသားလေးဦးကို သတ်ဖြတ်သွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ဆီက သိရပါတယ်။


ဆင်ဖြူကျွန်းတညောင်လမ်းပိုင်းကို အခုလ ၇ရက်ကနေ ၁၆ရက်နေ့အထိ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်မှုအတွင်းမှာ ကျပင်းမြောက်ရွာ အသက်(၄၀)အရွယ် တစ်ဦး၊ (၅၀)အရွယ် နှစ်ဦးနဲ့ (၆၀)ကျော်တစ်ဦး စုစုပေါင်းအမျိုးသားလေးဦးကို စစ်အုပ်စုကသတ်ဖြတ်သွားတာလို့ စလင်းမြို့နယ်ပအဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက Burma VJကို ပြောပါတယ်။


“လေးဦးစလုံးကို စာသင်ခုံတွေနဲ့တွဲ၊ တနေရာစီခွဲပြီး လက်ပြန်ကြိုးတုပ်၊ မျက်လုံးတွေအဝတ်နဲ့စည်းထားခဲ့တာလို့ သိရပါတယ်။ တစ်ဦးကလေဖြန်းထားသူလို့သိရတယ်။ ရွာသားတွေတွေ့ခဲ့ရတဲ့ အခြေအနေက ပုံမှာမြင်ရတဲ့အခြေအနေပါ” လို့ စလင်းမြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။


သေဆုံးသူတွေရဲ့အလောင်းကို အခု ၂၂ရက်ကမှ တွေ့ရှိခဲ့တာဖြစ်ပြီး ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ပြီဖြစ်တယ်လို့လည်း စလင်းမြို့နယ်ပအဖက ဒီနေ့မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။


အဲ့ဒီစစ်ကြောင်းထိုး ဆယ်ရက်အတွင်းမှာပဲ မတ်လ ၁၂ရက်မှာ နေပူကန်ကျေးရွာ၊ ၁၄ရက်နေ့မှာ ကုက္ကိတန်းကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားခဲ့တာကြောင့် တရွာကို အိမ်ခြေတစ်ရာခန့် မီးလောင်ကျွမ်းခဲ့တယ်လို့လည်း သိရပါတယ်။


ဒါ့အပြင် မနေ့က မတ်လ ၂၃ရက်နဲ့ ဒီနေ့ ၂၄ရက်တို့မှာလည်း စလင်းမြို့အနောက်မြောက်ဖက်မှာရှိတဲ့ အောက်လှိုင်းကျေးရွာအုပ်စုကို စစ်ကြောင်းထိုးပြီး နှစ်ရက်လုံးလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေကြောင်းနဲ့ မတ်လ၂၀ရက်ကလည်း ကင်မွန်းခြုံကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင်၃၀၀၊ ၅၀၀ ဗုံး သုံးလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပအဖဆီက သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page