စစ်အုပ်ချုပ်ရေးအားကောင်းနေသေးတဲ့မြို့ပေါ်တွေမှာ မနေချင်တော့တဲ့ပြည်သူတွေကို KNDF တပ်ရင်း ၂၇ က ခေါ်ယူနေ
- BVJ

- Jan 28, 2025
- 1 min read
BVJ/ယူဂရင်း_ ဇန်နဝါရီ ၂၈၊ ၂၀၂၅

စစ်အုပ်ချုပ်ရေးအားကောင်းနေသေးတဲ့ မြို့ပေါ်ဒေသတွေမှာ မနေချင်တော့တဲ့ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကို အတူတကွလာရောက်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFတပ်ရင်းအမှတ်(၂၇)က ခေါ်ယူနေပါတယ်။
“ဒီဖက်နယ်မြေကိုလာပြီး ကျွန်တော်တို့နဲ့အတူ တာဝန်တွေဝေမျှထမ်းဆောင်ချင်လို့ လာဆက်သွယ် မေးမြန်းနေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ ရှေ့က အရွေ့တွေမှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ခဲ့ရတဲ့သူတွေနဲ့၊ စစ်အုပ်ချုပ်ရေးအားကောင်းနေသေးတဲ့ မြို့ပေါ်ဒေသတွေမှာ မနေချင်တော့လို့ ဒီကိုလာပြီး အတူတကွတော်လှန်ချင်တဲ့ ပြည်သူထဲကပြည်သူအားလုံးကို ကျွန်တော်တို့ဖက်က အချိန်မရွေးကြိုဆိုဖို့ အသင့်ရှိနေတာမို့ Page ရဲ့ Messenger ကနေတဆင့် လာရောက်ဆက်သွယ်လို့ရပါတယ်”လို့ KNDF တပ်ရင်း ၂၇က ဒီနေ့မှာပြောထားပါတယ်။
KNDF စစ်ဗျူဟာ အမှတ် (၇)အောက်က တပ်ရင်းတစ်ခုဖြစ်တဲ့ တပ်ရင်းအမှတ် ၂၇ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ခုနှစ် မေလ ၁ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ကရင်နီပြည်ရှိ လူမျိုးစုပေါင်းစုံနဲ့လက်တွဲကာ ကရင်နီပြည်အတွင်း တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။










Comments