top of page

စစ်အာဏာသိမ်း လေးနှစ်ပြည့် ယူကေရောက် မြန်မာပြည်ဖွားများ ဆန္ဒပြ

  • Writer: BVJ
    BVJ
  • Feb 5, 2025
  • 1 min read

စစ်အာဏာသိမ်း လေးနှစ်ပြည့်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး၊ အရပ်သားပြည်သူများအား မတရားသတ်ဖြတ်မှု၊ ဘာသာရေး အဆောက်အုံများ၊

စာသင်ကျောင်းများ ဗုံးကြဲနေမှု ရပ်တန့်ရေး ယူကေရောက်မြန်မာပြည်ဖွား ၆၀၀ ရာကျော် ယနေ့ ပါလီမန် မြက်ခင်းပြင်၌ တောင်းဆိုဆန္ဒပြခဲ့သည်။


အခမ်းအနားကို ဗြိတိန် ကွန်ဆာဗေးတစ်ပါတီမှ ဝန်ကြီးဟောင်း Mr.Paul Scully၊ Burma campaign UK မှ အမှုဆောင်အရာရှိချုပ် Ms. Anna Roberts နှင့် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန် စသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ Burmese Muslim association၊ Myanmar Unity Movement၊ Myanmar Hindu Union၊ Stars of Myanmar Friendship မှ ကိုယ်စားလှယ် များ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ကြပြီး၊ စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန္ဒပြခြင်းသာမက နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသည့် အာဇာနည်များအား အလေးပြုခဲ့ကြသည်။


Photo Credit: Myanmar Diaspora Diary

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page