top of page

စစ်မှုထမ်းအဓမ္မခေါ်ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား ၈ ဦး KNDF ဆီ လက်နက်နဲ့အတူ အလင်းဝင်လာ

  • Writer: BVJ
    BVJ
  • Jan 28, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၆ ၊ ၂၀၂၅



ကရင်နီပြည်နယ် လွိုင်ကော်မြို့ နဲ့ လွိုင်လင်လေးမြို့တို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၈ ဦး အခု ဇန်နဝါရီလအတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းတွေဆီ အလင်းဝင်ရောက်လာတယ်လို့ ဒီနေ့ ဇန်နဝါရီ ၂၆ ရက်မှာ KNDF က ထုတ်ပြန်ထားပါတယ်။ အလင်းဝင်လာရောက်လာကြသူတွေဟာ အဓမ္မစစ်မှုထမ်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။


အလင်းဝင်ရောက်လာသူတွေထဲက ၃ ဦးဟာ လွိုင်ကော်မြို့ အမှတ် ၄၃၀ ခြေမြန်တပ်ရင်း မြို့ပြင်ကင်းစခန်းတစ်ခုမှာ တာဝန်ကျနေချိန် ဇန်နဝါရီ ၁၉ ရက်က စခန်းစွန့်ခွာ ထွက်ပြေးလာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၂၂ ရက်ကလည်း လွိုင်ကော်မြို့အခြေစိုက် အမှတ် ၂၆၁ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ဦး KNDF တပ်ရင်း ၃၄ ထံ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာပါသေးတယ်။


အခုလ ဇန်နဝါရီ ၂၃ ရက်ကလည်း လွိုင်လင်လေးမြို့ အမှတ် ၂၄၇ ခြေလျင်တပ်ရင်း ထီးစဲခါးကင်းစခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ဦး စခန်းစွန့်ခွာ ထွက်ပြေးလာပြီး KNDF တပ်ရင်းထံ အလင်းဝင်လာကြပါသေးတယ်။ အလင်းဝင်လာကြသူတွေဟာ MA3 ၃ လက်၊ MA1 လက်နဲ့ ခဲယမ်းအချို့ ယူဆောင်လာခဲ့ကြတယ်လို့လည်း သိရပါတယ်။



အခု ဇန်နဝါရီလအတွင်း ကရင်နီပြည်နယ်အတွင်းရှိတဲ့ စစ်ကောင်စီတပ်ရင်းအသီးသီးကနေ KNDF တပ်ရင်းတွေဆီ အလင်းဝင်ရောက်လာသူ ၇ ဦးအထိ ရှိလာပြီဖြစ်သလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်သား ၂၀ ကျော် ဘက်ပြောင်းအလင်းဝင်ရောက်မှုတွေ ရှိခဲ့တယ်လို့လည်း KNDF CDM လက်ခံရေးဌာန ဌာနမှူး ကိုမင်းသားက ပြောထားပါတယ်။


စစ်ကောင်စီတပ်ကနေ KNDF ထံ ဘက်ပြောင်းအလင်းဝင်လာသူတွေရဲ့ မြေပြင်လုံခြုံရေးနဲ့ အစားအသောက်၊ နေထိုင်ရေးကို အာမခံ တာဝန်ယူပေးသလို မြေပြင်တိုက်ပွဲတွေကို သူတို့စိတ်ဆန္ဒမပါဘဲ ခေါ်ယူတာမျိုး မလုပ်ဆောင်ဘူးလို့လည်း KNDF CDM လက်ခံရေးဌာနမှူးက ဘက်ပြောင်းလာသူတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောကြားမှုကို KNDF က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page