စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသွားပြီ
- BVJ
- May 7
- 1 min read
BVJ/အိုင်းရစ် _ မေ ၇၊ ၂၀၂၅

ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီမှာ ကျင်းပပြုလုပ်မယ့် နှစ် ၈၀ ပြည့် ဥရောပအောင်ပွဲနေ့ အခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီနေ့ မေလ ၇ ရက် မနက်ပိုင်းမှာ နေပြည်တော်လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီမဟာမိတ် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားမှုကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မိသားစုနဲ့အတူ ရုရှားနိုင်ငံကို သွားရောက်တာဖြစ်ပြီး သူနဲ့အတူ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာ ဘရွှေနဲ့ ခွန်စံလွင်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။
အဲဒီခရီးစဉ်အတွင်းမှာ နှစ် ၈၀ ပြည့် ရင်ပြင်နီစစ်ရေးပြအခမ်းအနားအပြင် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေး၊လုံခြုံရေးဆိုင်ရာကိကိစ္စရပ်တွေ ဆွေးနွေးသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
စစ်ခေါင်းဆောင် မော်စကိုခရီးစဉ်မတိုင်မီ ယူကရိန်းက မော်စိကိုကို ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်သေးပြီး ရင်ပြင်နီအခမ်းအနားကို တက်ရောက်မယ့်နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ကိုယ်စားလှာ်တွေရဲ့ လုံခြုံရေးကို တာဝန်ယူမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇလန်စကီးက ပြောကြားခဲ့ပါသေးတယ်။
Commentaires