top of page

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကို ဧပြီ ၁၈ ရက်မှာထပ်လာဖို့ရှိနေ

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ/Moore _ ဧပြီ ၁၄ ၊ ၂၀၂၅


ဧပြီ ၃ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်မြို့ကို ရောက်ရှိစဉ် (Photo: CINCDS)
ဧပြီ ၃ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်မြို့ကို ရောက်ရှိစဉ် (Photo: CINCDS)

အင်အားပြင်းငလျင်ကြောင့် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ပြည်သူတွေကို ဆက်လက်ကူညီနိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မလေးရှားဝန်ကြီး အန်ဝါအီဘရာဟင်က ဒီနေ့ ဧပြီ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။


ငလျင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့အတွက် ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၂ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ယာယီအပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ထားကြပါတယ်။


လာမယ့်ဧပြီ ၁၈ ရက်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဖို့ရှိနေပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ အပစ်အခတ်ရပ်စဲရေးကိစ္စကို တောင်းဆိုသွားမယ်လို့ အန်ဝါအီဘရာဟင်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။


“ယာယီအပစ်အခတ်ရပ်စဲရေးက ဧပြီ ၂၂ ရက်နေ့ဆိုပြည့်ပြီမို့ အပစ်အခတ်ရပ်စဲရေးကို ဆက်ပြီးသက်တမ်းတိုးဖို့ သူ့ကို တောင်းဆိုသွားပါမယ်” လို့ အီဘရာဟင်က ဒီနေ့ ဧပြီ ၁၄ ရက် မနက်ပိုင်းမှာပြုလုပ်တဲ့ မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာန လစဉ်အစည်းအဝေးမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။


အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူဆောင်ရွက်ချိန် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို အာဆီယံရေးရာ အကြံပေးအဖြစ် ခန့်အပ်ထားပြီး လာမယ့် ဧပြီ ၁၈ ရက်မှာ သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဘန်ကောက်မှာ တွေ့ဆုံဖို့လည်းရှိနေတာ ဖြစ်ပါတယ်။


ဘန်ကောက်မှာ သက်ဆင်နဲ့တွေ့ဆုံမှုအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ရှိနေပြီး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ငလျင်ဘေး ကူညီထောက်ပံ့ရေးကိစ္စတွေ ဆွေးနွေးသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။


“ကျွန်တော့်အနေနဲ့ တရုတ်သမ္မတရှီကျင်ပင်းနဲ့ တွေ့ဆုံပြီးတာနဲ့ ဘန်ကောက်ကို သွားမှာပါ။ ဘန်ကောက်မှာ သက်ဆင်နဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ နှစ်နိုင်ငံနယ်စပ်ကြား မြစ်ကြောင်းထိန်းသိမ်းပြုပြင်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ရှိနေပါတယ်” လို့ အန်ဝါအီဘရာဟင်က ပြောပါတယ်။


တရုတ်သမ္မတ ရှီကျင်းပင်းက လာမယ့် ဧပြီ ၁၄ ရက်ကနေ ၁၈ ရက်အတွင်း ဗီယက်နမ်၊ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကို သွားရောက်ဖို့ရှိနေပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးဖို့လည်းရှိနေတယ်လို့ သိရပါတယ်။


အခု ဧပြီ ၃ ရက်နေ့ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘင်းစတက် (BIMSTEC) အစည်းအဝေး တက်ရောက်ဖို့ ဘန်ကောက်မြို့ကို လာရောက်ခဲ့ပြီး ဘင်းစတက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကို ရောက်ရှိချိန် မြန်မာ့အရေးနဲ့ပတ်သက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ အာဆီယံရေးရာအကြံပေးပုဂ္ဂိုလ် သက်ဆင်ရှင်နာဝပ်ကလည်း မနေ့ ဧပြီ ၁၃ ရက်မှာ ထိုင်းသတင်းဌာနတွေကို ပြောကြားထားပါသေးတယ်။


Ref: The Straits Times, Bangkok Post

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page