စစ်ကိုင်းမြို့ ဗဟိုပြုလှုပ်သွားတဲ့ငလျင်ကို မန္တလေးငလျင်ကြီးဟု စစ်ကောင်စီသတ်မှတ်
- BVJ
- Apr 18
- 1 min read
BVJ/ယူဂရင်း_ ဧပြီ ၈၊ ၂၀၂၅

မတ်လ ၂၈ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇အင်အားရှိငလျင်ကို မန္တလေးငလျင်ကြီးလို့ သတ်မှတ်ခေါ်ဝေါ်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ဧပြီ (၇)ရက် ညမှာ ထိန်းချုပ်မီဒီယာတွေကနေပြောပါတယ်။
မှတ်တမ်းပြုစုဖို့နဲ့ ဖော်ပြချက်တွေမှာ တူညီလွယ်ကူစေဖို့ဆိုပြီးအကြောင်းပြကာ မီဒီယာတွေမှာလည်း မန္တလေးငလျင်ကြီးဟု ရေးသားပေးကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေတ္တာရပ်ခံလာတာပါ။
မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂း၄၉ မိနစ်ဝန်းကျင်ကျော်က စစ်ကိုင်းမြို့နားက ရေခါးအင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ (၃၆၀၀)ဦး၊ ဒဏ်ရာရရှိသူ (၅၀၁၇) ဦး၊ ပျောက်ဆုံးသူ (၁၆၀) ဦး ရှိတယ်လို့ စစ်ကောင်စီစာရင်းအရ သိရပါတယ်။
Commentaires