top of page

စစ်ကောင်စီရေတပ်ရဲ့ အရွယ်အစားအကြီးဆုံးရေယာဉ်ကို “သာလွန်မင်း” လို့ စစ်ကောင်စီ အမည်ပေး

  • Writer: Zayar Oo
    Zayar Oo
  • Dec 28, 2024
  • 1 min read

ပြည်တွင်းရန်ကို နှိမ်နင်းခြင်းနဲ့ ပြည်ပရန်ကို ကာကွယ်ခဲ့တဲ့ “သာလွန်မင်း” ကို ဂုဏ်ပြုတာလို့ ဆို


BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၅ ၊ ၂၀၂၄

စစ်ကောင်စီရေတပ်ရဲ့ အရွယ်အစားအကြီးဆုံး ရေယာဉ်တစ်စင်းဖြစ်တဲ့ ၁၃၅ မီတာရှိ ဖရီဂိတ်စစ်ရေယာဉ်ကို “သာလွန်မင်း” လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်မှူးကြီး မင်းအောင်လှိုင်က အမည်ပေးခဲ့ပါတယ်။ ဒါဟာ ပြည်တွင်းရန်ကို နှိမ်နင်းခြ်ငး၊ ပြည်ပရန်ကို ကာကွယ်ခြင်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်တွေ အကောင်ဖော် ဆောင်ရွက်ခဲ့တဲ့ သာလွန်မင်းတရားကြီးကို ဂုဏ်ပြုပြီး အမည်ပေးခဲ့တာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။


မနေ့က ဒီဇင်ဘာ ၂၄ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ရေတပ်နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့ အမှတ် ၃ ရေတပ်ဆိပ်ခံတားမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယင်းအခမ်းအနားမှာ စစ်ကောင်စီခေါင်းဆောင်က ရေတပ်ကို ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်လာအောင် တိုးချဲ့လုပ်ဆောင်ပေးနေကြောင်းနဲ့ မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်ကို အပြည့်အဝ ကာကွယ်နိုင်တဲ့ သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိတဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ကို လုပ်ဆောင်နိုင်ခဲ့ပြီလို့ ပြောပါတယ်။

ဒါ့အပြင် ဆက်စပ်ပင်လယ်ပြင်ကို ဖြန့်ကျက်နိုင်စွမ်းရှိတဲ့ ရေတပ်ဖြစ်ဖို့ တိုက်စွမ်းအားပြည့်ဝတဲ့ စစ်ရေယာဉ်ကြီး လိုအပ်တာကြောင့် ဆက်လက်တိုးမြှင့်တည်ဆောက်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ အခု တည်ဆောက်ထားတဲ့ အရှည် ၁၃၅ မီတာရှိတဲ့ ဖရီဂိတ်စစ်ရေယာဉ်ဟာ မြန်မာရေတပ်မှာ အကြီးဆုံးရေယာဉ်တစ်စင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်း စတင်တည်ဆောက်ခဲ့တာလို့ သိရပါတယ်။


တစ်နာရီ ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်တဲ့ ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ဟာ လိုသလို ရွေးချယ်ပြောင်းလဲ အသုံးပြုနိုင်တဲ့ ဂီယာစနစ်ပါဝင်တဲ့ ဒီဇယ်/Gas Turbines ပေါင်းစပ်မောင်းနှင်တဲ့စနစ်ကို တပ်ဆင်ထားပြီး လက်နက်နဲ့ လက်နက်စနစ်ပိုင်းတို့ကို ပြည့်စုံစွာ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။


မြန်မာရေတပ် စွမ်းဆောင်ရည်မြှင့်တင်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင်က တိုးမြှင့်လုပ်ဆောင်မှုတွေ တောက်လျှောက်လုပ်နေပေမဲ့ ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်နဲ့ ဆက်စပ်ရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရချိန် စစ်ကောင်စီ ရေတပ်ရဲ့ စွမ်းဆောင်ရည်ပိုင်းအပေါ် စစ်တပ်ထောက်ခံသူတွေက ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page