စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ မင်းဘူးခရိုင်တပ်ရင်းထံ အလင်းဝင်
- BVJ
- May 4
- 1 min read
BVJ/ထက်အောင် _ မေ ၄ ၊ ၂၀၂၅

စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ အမှတ် ၄၁၇ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းရောက်လာတယ်လို့ မကွေးတိုင်း မင်းဘူခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ စစ်မှုထမ်းအဓမ္မစုဆောင်းခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းထံ Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ခမရ ၄၁၇ တပ်ရင်းကနေ မင်းဘူးခရိုင်တပ်ရင်း ၂ ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာသူတွေကို စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မင်းဘူးခရိုင် တပ်ရင်း ၂ ဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေသလို ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ကလည်း အမ်း-ပဒါန်းလမ်းမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ဒါ့အပြင် မတ်လ ၃၀ ရက်ကလည်း ပုသိမ်-မုံရွာကားလမ်းမှာ အင်အား ၂၀ ဝန်းကျင်နဲ့ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ ပဒါန်းမြို့ဝင်ဂိတ်ကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
Comentários