စောချစ်သူနဲ့ အပေါင်းအပါတွေ ကို ဖမ်းဝရမ်းထုတ်ဖို့ (DSI) အဖွဲ့ကအတည်ပြုပြီး ရှေ့နေချုပ်ရုံး ကို တင်ပြထား
- BVJ

- Mar 4, 2025
- 1 min read
BVJ/အေတီ _ မတ် ၃ ၊ ၂၀၂၅

မြန်မာနယ်ခြားစောင့် BGF တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေး(DSI)အဖွဲ့က အတည်ပြုလိုက်ပြီး နောက်ဆုံးအဆင့်
အနေနဲ့ ရှေ့နေချုပ်ရုံးကို တင်ပြအတည်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။
ဖမ်းဝရမ်းကို ဒီနေ့မတ်လ၃ရက်နေ့ကမှာ ထိုင်းအထူးစုံစမ်းစစ်ဆေးရေး(DSI) အဖွဲ့က အတည်ပြု လိုက်တာဖြစ်ပါတယ်။ ထိုင်းရှေ့နေချုပ်ရုံးကသာ အဲ့ဒီဖမ်းဝရမ်းကို လက်ခံအတည်ပြုလိုက် ရင် မြေပြင်မှာလက်တွေ့လုပ်ဆောင်ရမယ့်ကိစ္စတွေ ဆက်လုပ်ခွင့်ရသွားမှာဖြစ်ပါတယ်။
စောချစ်သူနဲ့ အပေါင်းအပါတွေအတွက်ထုတ်မယ့် ဖမ်းဝရမ်းဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ လူကုန်ကူးမှု ကျူးလွန်မှုတွေနဲ့ ဆက်စပ်ကြောင်း သိရပါတယ်။ သူတို့လက်ဝယ်ရရှိတဲ့ထားတဲ့ သက်သေအထောက်အထားတွေဟာ ဗိုလ်မှူးကြီးစောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ လုံလောက်တယ်လို့ DSIအဖွဲ့လက်အောက်ခံ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ရဲဗိုလ်မှူးကြီး Siriwit Kasemsuap အတည်ပြုပါတယ်။





Comments