top of page

မြန်မာနိုင်ငံအပေါ် ကန့်သတ်ပိတ်ဆို့မှု အီးယူ တစ်နှစ်သက်တမ်းတိုး

  • Writer: BVJ
    BVJ
  • 40 minutes ago
  • 1 min read

အေတီ/BVJ - ဧပြီ ၂၇၊ ၂၀၂၆

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂအဖွဲ့ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို နောက်ထပ် ၁၂ လသက်တမ်းတိုးပြီး ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ ဆက်လက်ထားဖို့ ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။


ဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့တနှစ်အတွင်းက မြန်မာနိုင်ငံအတွင်းကအခြေအနေတွေကိုပြန်လည်သုံးသပ်ခဲ့မှုအပေါ် အခြေခံဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာ ဝင်ငွေ၊လက်နက်နဲ့ပစ္စည်းကိရိယာတွေ မြန်မာစစ်တပ်လက်ထဲမရောက်စေဖို့ ပိုမိုလုပ်ဆောင်ရမယ်လို့ Burma Campaing UKက ဒီထုတ်ပြန်ချက်နဲ့ပတ်သက်အပေါ် တုံ့ပြန်ဖော်််ပြထားပါတယ်။


ဥရောပသမဂ္ဂ အီးယူရဲ့ပိတ်ဆို့မှုထဲမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ဆက်စပ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်၁၀၅ဦးနဲ့အဖွဲ့အစည်း၂၂ခုတို့ပါဝင်ပါတယ်။ ဒါ့အပြင် အီးယူက မြန်မာစစ်အုပ်စုကိုတိုက်ရိုက်ပေးအပ်မယ့် ဘဏ္ဍာရေးအကူအညီတွေကိုရပ်ဆိုင်းထားပြီး စစ်ကောင်စီကိုတရားဝင်မှုပေးရာရောက်စေမယ့် အကူအညီအားလုံးကိုလည်းဆိုင်းငံ့ထားပါတယ်။


ဥရောပသမဂ္ဂ အီးယူက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချမှုတွေဆက်လက်ပြုလုပ်နေပြီး၊အကြမ်းဖက်မှုတွေအားလုံးအမြန်ဆုံးရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။


ဥရောပသမဂ္ဂဟာ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page