top of page

ငလျင်အကူအညီတွေ စစ်ကောင်စီကိုမပေးဘူးလို့ တောင်ကိုရီးယားလွှတ်တော်အမတ်များ ပြော

  • Writer: BVJ
    BVJ
  • Apr 18
  • 1 min read

BVJ/ထက်အောင် _ ဧပြီ ၁၁ ၊ ၂၀၂၅

Photo: NUG Representative Office - Republic of Korea
Photo: NUG Representative Office - Republic of Korea

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးနဲ့ ကြုံတွေ့ခဲ့ရတဲ့ဒေသတွေက ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့တွေကို စစ်ကောင်စီထံ တိုက်ရိုက်ပေးအပ်သွားမှာမဟုတ်ဘူးလို့ တောင်ကိုရီးယားလွှတ်တော်အမတ်တွေက မနေ့ ဧပြီ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။


ငလျင်ဘေးအကူအညီတွေကို ပြည်သူတွေလက်ထဲရောက်ရှိအောင် နိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့်သာ ပေးအပ်သွားမှာဖြစ်တယ်လို့လည်း တောင်ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးကော်မတီဝင် အီယုန်ဆွန်း ဦးဆောင်တဲ့ ဒီမိုကရက်ပါတီအမတ်တွေက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။


မနေ့ ဧပြီ ၁၀ ရက် တောင်ကိုရီးယားလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေးကြားနာပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးမှာ စစ်ကောင်စီ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ငလျင်ဘေးနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်တွေနဲ့ ငလျင်ကိုအကြောင်းပြုပြီး စစ်ကောင်စီက နိုင်ငံတကာကို အသုံးချနေမှုတွေနဲ့ပတ်သက်ပြီး NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။


အမေရိကန်ဒေါ်လာ ၂ သန်းတန်ဖိုးရှိ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေလက်ထဲ ရောက်ရှိနိုင်ဖို့အတွက် International Committee of the Red Cross (ICRC) ကနေတဆင့် ပေးအပ်သွားမယ်လို့ ဩစတြေးလျက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီထံ ပေးအပ်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။


အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး တစ်ပတ်ကျော်အကြာမှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ (UNOCHA) အကြီးအကဲ တွမ်ဖလက်ချာနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှောတို့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ဒေသတွေကို သွားရောက်ခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ပေးဖို့ကိုလည်း နိုင်ငံတကာကို တောင်းဆိုခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page