top of page

ငလျင်ဘေးအတွက် အကူအညီတွေကို တောင်ကိုရီးယားအစိုးရက ICRC ကနေတဆင့် ပေးပို့

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ/Moore _ ဧပြီ ၁၅ ၊ ၂၀၂၅


ငလျင်ဘေးသင့်ပြည်သူတွေအတွက် တောင်ကိုရီးယားအစိုးရ ပေးပို့တဲ့ အကူအညီအထောက်အပံ့ပစ္စည်းများ (Photo: Yonhap News/TheKoreaPost)
ငလျင်ဘေးသင့်ပြည်သူတွေအတွက် တောင်ကိုရီးယားအစိုးရ ပေးပို့တဲ့ အကူအညီအထောက်အပံ့ပစ္စည်းများ (Photo: Yonhap News/TheKoreaPost)

စစ်ကိုင်းငလျင်ဘေးဒဏ်ကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့ပစ္စည်းတွေကို တောင်ကိုရီးယားအစိုးရက ပထမအသုတ်အနေနဲ့ ပေးပို့ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ ဧပြီ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။


မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လိုအပ်တဲ့ အရေးပေါ်အထောက်အပံ့ပစ္စည်းတွေကို ကိုရီးယားနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) က ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။ ပထမအသုတ်ပေးပို့မှုတွင် ဒေါ်လာ ၃၅၀၀၀၀ တန်ဖိုးရှိ ယာယီတဲအလုံး ၅၀၀၊ ခြုံစောင်အရေအတွက် ၈၀၀၀၀၊ ရေဘူးအကြီး ၄၀၀၀ တို့ကို လေကြောင်းကနေတဆင့် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုဖြစ်ပွားချိန် အမေရိကန်ဒေါ်လာ ၂ မီလီယံတန်ဖိုးရှိ အထောက်အပံ့ပစ္စည်းတွေကိုလည်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ကနေတဆင့် ချက်ချင်းထောက်ပံ့ပေးခဲ့တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခုလ ဧပြီ ၂ ရက်နေ့ကလည်း မြန်မာငလျင်ဘေးအတွက် တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင် မင်းသမီး Kim Go-eun က ဝမ်သန်း ၅၀၊ မင်းသား Im Si-wan က ဝမ်သန်း ၃၀ နဲ့ အဆိုတော် Minnie ဝမ်သန်း ၁၀၀ တို့ ပါဝင်လှူဒါန်းခဲ့တယ်လို့ ကိုရီးယားသတင်းဌာနတွေမှာ ဖော်ပြထားပါသေးတယ်။


ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ရေးအတွက် နိုင်ငံအချို့နဲ့ အဖွဲ့အစည်းအချို့က စစ်ကောင်စီထံ တိုက်ရိုက်ပေးပို့တာမျိုးတွေမရှိဘဲ ICRC အပါအဝင် ကြားခံအဖွဲ့အစည်းတွေကနေတဆင့် လိုအပ်တဲ့အကူအညီအထောက်အပံ့တွေ ပေးပို့နေတာတွေလည်း ရှိနေပါတယ်။


ငလျင်ဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၂ သန်းတန်ဖိုးရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေကို ဩစတြေးလျအစိုးရက ICRC ကနေတဆင့် ကူညီထောက်ပံ့မှုတွေလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီအဖွဲ့အစည်းထံ တိုက်ရိုက်ကူညီပေးအပ်တာမျိုး မလုပ်ဆောင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

Comentarios


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page