ငလျင်ဘေးသင့်ဒေသတွေကို လေကြောင်းဗုံးကြဲနေတဲ့စစ်တပ်ကို ရန်ကုန်မှာဆန္ဒပြ
- BVJ
- Apr 18
- 1 min read
BVJ/ယူဂရင်း _ ဧပြီ ၁၀၊ ၂၀၂၅

ငလျင်ဘေးကျရောက်တဲ့ဒေသတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာကို ဆန့်ကျင်ဆန္ဒပြကြောင်း လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ဧပြီ ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။
“စစ်ကိုင်းငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကျရောက်နေသည့် ကာလများမှာပင် နင်းစရာမြေမရှိ နေစရာအိမ်မဲ့ခဲ့ရသော အပြစ်မဲ့ပြည်သူများအား ပြေးစရာမြေပါမကျန် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့စွာ လေးကြောင်းတိုက်ခိုက်များပြုလုပ်လျက်ရှိကြောင်း ကမ္ဘာ့လူသားမျိုးနွယ်စုတစ်ရပ်လုံးမှ သိရှိစေရန်ရည်ရွယ်၍ ရန်ကုန်လူထုသပိတ်မှ ဤလှုပ်ရှားမှုကိုဖော်ဆောင်ခဲ့ခြင်းဖြစ်သည်” လို့ ဆန္ဒပြလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကို ရန်ကုန်လူထုသပိတ်က ပြောထားပါတယ်။
ငလျင်ဘေးမှာ အချိန်မီ ကယ်ဆယ်ကူညီပေးမှုမရှိတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှု အကြိမ်ကြိမ်ပြုလုပ်နေတဲ့ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တော်လှန်တိုက်ထုတ်ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။
ပြီးခဲ့တဲ့လ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ၇.၇ငလျင်ကြောင့် စစ်ကောင်စီဟာ စစ်ကိုင်း၊မကွေး၊ မန္တလေး၊နေပြည်တော်၊ ပဲခူး ရှမ်းပြည်နယ် စတဲ့ဒေသတွေကို အရေးပေါ်အခြေအနေကြေညာထားပေမယ့် အဲ့ဒီနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျောက်လုပ်ဆောင်နေတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတွေထိခိုက်သေဆုံးမှုရှိနေပါတယ်။
Comentários