ငလျင်ကူညီရေးအတွက် ထိုင်းနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေ စစ်ကောင်စီခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံ
- BVJ
- Apr 18
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၆ ၊ ၂၀၂၅

အင်အားပြင်းငလျင်လှုပ်ခတ်မှု ကြုံတွေ့ခဲ့ရတဲ့ဒေသတွေက ပြည်သူတွေကို လိုအပ်တဲ့အကူအညီတွေ ထပ်မံပေးနိုင်ဖို့အတွက် ထိုင်းနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်မှာ ရောက်ရှိလာပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
မနေ့ ဧပြီ ၅ ရက်မှာ အာဆီယံအလှည့်ကျဥက္ကဌ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dalo Seri Utama Haji Mohamad Haji Hasan နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa တို့ နေပြည်တော်ကို ရောက်ရှိလာပြီး ငလျင်ကူညီကယ်ဆယ်ရေး၊ အစားအသောက်၊ ဆေးဝါးနဲ့ ငလျင်ဘေးဒဏ်သင့်ဒေသများက ပြည်သူတွေအတွက် အသေးစားခွဲစိတ်မှုတွေ ရွေ့လျားဆေးရုံတွေ ဆောင်ရွက်ပေးနိုင်မယ့်အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီနိုင်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အိန္ဒိယနိုင်ငံကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလည်း အိန္ဒိယရေတပ် စစ်ရေယာဉ်နဲ့ ဧပြီ ၅ ရက် မနက်ပိုင်းမှာ လာရောက်ပို့ဆောင်ခဲ့ပါသေးတယ်။
コメント