top of page

ငလျင်ကြောင့်သေဆုံးသွားတဲ့ ကလေး ၃ယောက်မိခင်နာရေး စစ်မှုထမ်းထဲပါသွားတဲ့ အမျိုးသားဖြစ်သူ တက်ရောက်ခွင့်မရ

  • Writer: BVJ
    BVJ
  • Apr 18
  • 1 min read

■ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ဆွေမျိုးများက စောင့်ရှောက်ထားရ


BVJ/အိုင်းရစ် _ ဧပြီ ၇ ၊ ၂၀၂၅


ငလျင်လှုပ်ခတ်မှုအတွင်း ကျန်ရစ်ခဲ့တဲ့ ကလေး ၃ ယောက်ကို ကူညီထောက်ပံ့တဲ့ အလှူရှင်တွေနဲ့အတူ မဇင်မာအောင်ရဲ့ အမေဖြစ်သူကို တွေ့ရစဉ် (Photo: Thet Hnin, Pyinmana U Naing Gyi)
ငလျင်လှုပ်ခတ်မှုအတွင်း ကျန်ရစ်ခဲ့တဲ့ ကလေး ၃ ယောက်ကို ကူညီထောက်ပံ့တဲ့ အလှူရှင်တွေနဲ့အတူ မဇင်မာအောင်ရဲ့ အမေဖြစ်သူကို တွေ့ရစဉ် (Photo: Thet Hnin, Pyinmana U Naing Gyi)

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ခက်ရွာမှာနေထိုင်တဲ့ ကလေး ၃ ယောက်မိခင် အသက် ၂၅ နှစ် မဇင်မာအောင် ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။


သူ သေဆုံးတဲ့အချိန်မှာ အသက် ၆နှစ် ၊ အသက်၂နှစ်နဲ အသက် ၇ လသာရှိသေးတဲ့ လူမမယ် ကလေး ၃ ယောက်ချန်ထားရစ်ခဲ့ပါတယ်။ မဇင်မာအောင် သေဆုံးတဲ့အကြောင်း စစ်တပ်ထဲ ရောက်နေတဲ့ သူ့အမျိုးသား ကိုထွန်းထွန်းမင်းကို ဆွေမျိုးတွေက လှမ်းအကြောင်းကြားပေမယ့် စစ်တပ်က ခွင့်မပြုတဲ့အတွက် နာရေးအခမ်းအနား တက်ရောက်ခွင့်မရခဲ့ပါဘူး။


မဇင်မာအောင်နာရေး ကိုထွန်းထွန်းမင်း တက်ရောက်နိုင်ဖို့ သူတို့ ဆက်သွယ်အကြောင်းကြားခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ကြောင်း မဇင်မာအောင်ရဲ့ အကိုဖြစ်သူ ကိုဇော်အောင်က Burma VJ ကို ပြောပါတယ်။




“ကလေးတွေရဲ့အမေ ဆုံးသွားတော့ သူ့အဖေကို လှမ်းဆက်သွယ်ပြီး တပ်ထဲမှာ ခွင့်တောင်းကြည့်သေးတယ်။ တပ်က ခွင့်မပေးဘူး ။ လောလောဆယ် ပြန်လာလို့ မရသေးဘူး။ စစ်မှုထမ်းက ၃ နှစ် ထမ်းဆောင်ရမယ်လို့ ပြောတယ်။ ကလေးတွေရဲ့အမေ နာရေးရက်လည် အသုဘချတာတောင် သူ့အဖေကို ပြန်မပေးလွှတ်ဘူး။ သင်တန်းမပြီးသေးလို့ဆိုပြီး။ သူက အခု ပဲခူး ရွှေကျင် ကျောက်ကြီးဘက်မှာ တာဝန်ကျနေတာ” လို့ ကိုဇော်အောင်က ပြောပါတယ်။


ငလျင်လှုပ်ခတ်မှုအတွင်း အသက်ပေးခဲ့ရတဲ့ မဇင်မာအောင်နဲ့ စစ်မှုထမ်းထဲပါသွားတဲ့ ကိုထွန်းထွန်းမင်းတို့ရဲ့ ကလေး ၃ ယောက်ကို ဦးလေးဖြစ်သူကိုဇော်အောင်နဲ့ အဘွားဖြစ်သူ (မဇင်မာအောင်ရဲ့ မိခင်) တို့က စောင့်ရှောက်ထားရတယ်လို့ သိရပါတယ်။


ကလေး ၃ယောက် ဖခင် ကိုထွန်းထွန်းမင်း (၃၂ နှစ်)ဟာ ဖေဖော်ဝါရီလက စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၁၀ မှာ စစ်မှုထမ်းခေါ်ဆောင်ခံခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက စစ်သင်တန်းဆင်းတယ်လို့ သိရပါတယ်။

ကျန်ရစ်ခဲ့တဲ့ ကလေး ၃ ယောက်ကို နေ့စားအလုပ်လုပ်ကိုင်တဲ့ အဘွားဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့က စောင့်ရှောက်ထားရတာကြောင့် ပရဟိတအဖွဲ့တွေကလည်း အလှူရှင်တွေနဲ့ပူးပေါင်းကာ ကလေး ၃ ဦးအတွက် ကူညီထောက်ပံ့မှုတွေလုပ်ဆောင်ပေးခဲ့ကြပါတယ်။


လတ်တလောမှာ လိုရာဖြည့် သွေးပရဟိတအဖွဲ့က ဦးဆောင်ကူညီမှုနဲ့ စုပေါင်းအလှူငွေကျပ် ၁၆ သိန်းကျော်ရရှိထားပြီး ကလေးတွေရဲ့ အဘွားဖြစ်သူနဲ့ ဦးလေးဖြစ်သူကို သွားရောက်ထောက်ပံ့ပေးထားတယ်လို့ လိုရာဖြည့် သွေး ပရဟိတအဖွဲ့ ဦးဆောင်သူ ဦးနိုင်ကြီးက Burma VJ ကို ပြောပါတယ်။

댓글


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page