top of page

ငဖဲမြို့မှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး၊ သေနတ် ၉လက်ရ

  • Writer: BVJ
    BVJ
  • May 1
  • 1 min read

BVJ/ဇော်_မေ ၁ ၊ ၂၀၂၅



မကွေးတိုင်း၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဇီရွာကနေ လုံခြုံရေးယူဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၉) ဦးသေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF – Asho) က ဒီနေ့ မေ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။


ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းဖြစ်တဲ့ ပဇီရွာတပ်စခန်းကနေ ကားလမ်းလုံခြုံရေးယူဖို့ထွက်လာတဲ့ အင်အား (၂၀) ပါတဲ့ လမ်းကြောင်းကို CDF – Asho က မနေ့က ဧပြီ ၃၀ ရက်နေ့ မနက်ရှစ်နာရီခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၉) ဦးသေဆုံးခဲ့သလို MA အမျိုးအစား လက်နက်ငယ် (၉) လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်း ရှိခဲ့တယ်လို့ သိရပါတယ်။


သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကပစ - ၁၃ က တပ်သားတွေဖြစ်တယ်လို့သိရပြီး တပ်မ (၉၉)၊ ကပစ (၂/၁၀/၁၃/၁၄) တွေပါတဲ့ အင်အား (၁၃၀ ) ခန့်ရှိတဲ့ စစ်ကြောင်စီတပ်ဖွဲ့ဟာ နတ်ရေကန်တပ်စခန်းမကျဖို့အတွက် ငဖဲမြို့နယ် ပဇီဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ CDF – Asho ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။


CDF – Asho ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သိရှိရဖို့အတွက် Burma VJအနေနဲ့ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂၃ ဦးကို အခုနှစ် ဖေဖော်ဝါရီလပိုင်းမှာလည်း CDF – Asho က ဖမ်းဆီးရမိခဲ့တာရှိပြီး အနီးတဝိုက်က ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း တော်လှန်းရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးချိတ်ဆက်အလင်းဝင်ဖို့လည်း CDF – Asho က တိုက်တွန်းထားတာ ရှိပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page