top of page

ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေး ကူညီပေးခဲ့တဲ့ တရုတ်ကို စစ်ကောင်စီအဖွဲ့ ကျေးဇူးတင်နေ

  • Writer: BVJ
    BVJ
  • Jan 24, 2025
  • 1 min read

BVJ/ယူဂရင်း_ ဇန်နဝါရီ ၂၄၊ ၂၀၂၅


မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံတကာဆိုင်ရာကိစ္စရပ်တွေမှာ အပြုသဘောဆောင် ပံ့ပိုးမှုတွေပေးခဲ့တဲ့အတွက် တရုတ်ကိုကျေးဇူးတင်တန်ဖိုးထားကြောင်း စစ်ကောင်စီဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။


မနေ့က ညပိုင်းက ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားလိတ်ဟိုတယ်မှာ ရန်ကုန်အခြေစိုက်တရုတ်သံရုံးကနေ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းကပြောခဲ့တာကို တရုတ်သံရုံးက ဒီနေ့ ဇန်နဝါရီ ၂၄ရက်မှာဖော်ပြလာတာပါ။


မြန်မာ-တရုတ် နှစ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းကြောင်း၊ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုဟာ အဆက်မပြတ် ခိုင်မာအားကောင်းလာကြောင်း နှစ်နိုင်ငံအရာရှိကြီးတွေ နီးကပ်တဲ့ဆက်ဆံရေးရှိကြောင်းတို့ကိုလည်း စစ်ကောင်စီဒုတိယဝန်ကြီးချုပ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page