top of page

ချင်းမိုင်မှာ အထောက်အထားမဲ့ မြန်မာ ၈ ဦး ဖမ်းဆီးခံရပြီး မူးယစ်ဆေးဝါးပါ လက်ဝယ်တွေ့ရှိ

  • Writer: Zayar Oo
    Zayar Oo
  • Feb 21, 2025
  • 1 min read

BVJ/Moore _ ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၅


Photo: Chiangmai Immigration
Photo: Chiangmai Immigration

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ San Sai မှာ အထောက်အထားမဲ့ နေထိုင်တဲ့ မြန်မာ ၈ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးချိန် မူးယစ်ဆေးဝါးတွေကိုပါ တွေ့ရှိခဲ့တယ်လို့ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။


ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး ဒုတိယရဲမှူးကြီး Sutheerathep Phonnumit နဲ့ San Sai ရဲတပ်ဖွဲ့တို့က ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေအပါအဝင် နိုင်ငံခြားသားတွေကို စောင့်ကြည့်စစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာ ၈ ဦးကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာ ၈ ဦးထဲမှ ၂ ဦးထံတွင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။


ဖမ်းဆီးခံရသူတွေထဲက ၆ ဦးဟာ ချင်းမိုင်မြို့နယ်တွင်း အလုပ်ရှာဖွေလုပ်ကိုင်ဖို့အတွက် ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ကာ တရားမဝင် ဝင်ရောက်လာကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာ ၈ ဦးထဲက ၆ ဦးကို နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှု အရေးယူသွားမှာဖြစ်ပြီး အခြားမြန်မာ ၂ ဦးကိုတော့ မူးယစ်ဆေးဝါး လက်တွေ့ရှိမှုနဲ့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။


ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် Kittirat Phanphet က ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံခြားသားတွေရဲ့ အခြေအနေကို စောင့်ကြည့်ကြပ်မတ်ဖို့နဲ့ ဥပဒေဖောက်ဖျက်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးအရေးယူဖို့ ဖေဖော်ဝါရီ ၁၇ ရက်မှာ အမိန့်ထုတ်ခဲ့ပြီးနောက် ချင်းမိုင်မြို့အပါအဝင် ထိုင်းနိုင်ငံ ဒေသအများအပြားမှာ စောင့်ကြည့် စစ်ဆေး ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။



 
 
 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page