ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေလုံးဝကင်းစင်သွားပြီ
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အေတီ_ ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄

ချင်းပြည်နယ် မင်းတပ်မြို့ ကို သိမ်းပိုက်ထားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးတုန်းက အခြေအနေတွေနဲ့ ၂၀၂၄ခုနှစ် လက်ရှိမင်းတပ်မြို့ အခြေအနေတွေကို နှိုင်း ယှဥ်ပြီး ပုံတွေနဲ့ တကွဖော်ပြထားပါတယ်။
ဒီဇင်ဘာ၂၁ရက်နေ့ကစပြီး မင်းတပ်မြို့ဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ တွေလက်ထဲရောက်ရှိသွား သလို ကန်ပက်လက်မြို့ကိုပါ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မနေ့ ဒီဇင်ဘာ၂၃ရက်က Chin Brotherhood အဖွဲ့က ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးဟာ စစ်ကောင်တပ်တွေလက်အောက်က လွတ်မြောက်သွား ပြီဖြစ်သလို၊ ကျန်ရှိနေသေးတဲ့နေရာတွေကိုလည်း အခြားမဟာမိတ်များနှင့်အတူ ဆက်လက် ပူးပေါင်းတိုက်ခိုက်သွားမယ့် လို့Chin Brotherhood အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ မှာဖော်ပြ ထားပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ကျော် လက်နက် ချခဲ့ပြီး နိုင်ငံရေးအကျဉ်း သား ၁၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ က မနေ့ ထုတ်ပြန်ခဲ့ ပါတယ်။ ချင်းတောင်ပိုင်းမြို့တွေဖြစ်တဲ့ မင်းတပ်၊မတူပီနဲ့ ကန်ပလက်မြို့နဲ ပလက်ဝမြို့ တွေမှာ စစ်ကောင် စီတပ်တွေ လုံးကင်းစင်သွားပြီဖြစ်ပါတယ်။
ဓတ်ပုံခရက်ဒစ်- Chin Defence Force - Mindat




Comments