ချင်းညီနောင်တပ်ဖွဲ့တွေပေါင်းစည်းပြီး တပ်မတော်တရပ် ထူထောင်ရန် ပြင်ဆင်
- BVJ
- 2 days ago
- 1 min read
BVJ/မိုနာ_ မေ ၁၂၊ ၂၀၂၅

ချင်းညီနောင်အဖွဲ့ တပ်ဖွဲ့ဝင်တွေပေါင်းစည်းပြီး ချင်းပြည်နဲ့ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးဖို့အတွက် ပိုမိုကျစ်လစ်ခိုင်မာတဲ့ တပ်မတော်တရပ်(Standard Army) အဖြစ်တိုးမြှင့်ဖွဲ့စည်းဖို့ အခြေခံမူတွေချမှတ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က မနေ့က မေ ၁၁ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
ချင်းညီနောင်အဖွဲ့ဝင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၃၉ဦးပါဝင်တဲ့ ချင်းညီနောင်မြေပြင်အစည်းအဝေးကို ပြီးခဲ့တဲ့လ ဧပြီ ၂၆ကနေ ၂၉ရက်အထိ ချင်းပြည်နယ် လွတ်မြောက်နယ်မြေတနေရာမှာပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးကနေ သဘောတူချမှတ်ခဲ့တဲ့အချက်တွေကို ထုတ်ပြန်လာတာပါ။
ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့အနာဂတ်မှာ ချင်းပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ချင်းပြည်အစိုးရ ပေါ်ပေါက်လာစေရေးအတွဥ် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ ကိုယ့်ကြမ္မာကို ဖန်တီးနိုင်ခြင်းစတဲ့ ဒီမိုကရေစီစံနှုန်းတွေပါဝင်တဲ့ ချင်းညီနောင်ရဲ့ Terms of Recerence(ToR)အတိုင်း ဆက်အကောင်အထည်ဖော်ဖို့လည်း သဘောတူကြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းမဟာမိတ်ဆက်ဆံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတို့မှာလည်း စစ်ရေး၊နိုင်ငံရေးနဲ့လူမှုစီးပွားရေး မူဝါဒတွေရေးဆွဲနိုင်ရေးအတွက် အခြေခံသဘောတူညီချက်တွေ ချမှတ်ခဲ့ကြောင်းနဲ့ ချင်းညီနောင် ထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ဖို့နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ပြည်တွင်း၊ပြည်ပ တော်လှန်ရေးအဖွဲ့အစည်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
ချင်းညီနောင်အဖွဲ့မှာ CDF – Mindat ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - CNDF၊ PDF – Zoland ၊ CDF – Matupi ၊ CDF – Kanpetlet နဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ ပါဝင်ပြီး ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊လိုင်လင်ပီးစတဲ့ မြို့တွေကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
Comments