top of page

ကလေးတွေကို အဓမ္မပြုကျင့်ပြီး ဗီဒီယိုရိုက်ကူးရောင်းစားတဲ့ မြန်မာတစ်ဦးကို ချင်းမိုင်မှာ ဖမ်းမိ

  • Writer: BVJ
    BVJ
  • Jan 9, 2025
  • 1 min read

ကျူးလွန်ခံရသူတွေဟာ အသက် ၁၀ နှစ်နဲ့ ၁၃ နှစ်ကြားအရွယ်တွေဖြစ်


BVJ/ထက်အောင် _ ဇန်နဝါရီ ၉ ၊ ၂၀၂၅



ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်ပြီး ဗီဒီယိုရိုက်ကူးကာ ဆိုရှယ်မီဒီယာတွေမှာ ရောင်းစားနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန Matichon Online မှာ ဖော်ပြထားပါတယ်။


ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သူဟာ အသက် ၂၇ နှစ်အရွယ် စိုင်းသန်းဦးဆိုသူဖြစ်ပြီး ကလေးတွေရဲ့ မိဘတွေနဲ့လည်း ရင်းနှီးသူဖြစ်သလို ကလေးတွေကို သွေးဆောင်ဖြားယောင် ခေါ်ဆောင်ကာ အဓမ္မပြုကျင့်မှု ဗီဒီယိုရိုက်ယူခဲ့တာမျိုးတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဓမ္မပြုကျင့်မှုမတိုင်မီ ကလေးတွေကို ဖုန်းနဲ့ ဂိမ်းဆော့ကစားတာမျိုး ခွင့်ပြုပေးထားပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို စတင်လုပ်ဆောင်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။


ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်တဲ့ ဗီဒီယိုဖိုင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ လိင်ပိုင်းဆိုင်ရာအဓမ္မမှုကျူးလွန်မှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။


အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်တဲ့ ဗီဒီယိုဖိုင်အပိုင်းအစ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် ဗီဒီယိုဖိုင်အပြည့်အဝ ကြည့်ရှုလိုပါက တယ်လီဂရမ် သီးသန့်အကောင့်မှာ အဖွဲ့ဝင်ကြေး ဘတ် ၂၅၀ ပေးသွင်းပြီး ကြည့်ရှုနိုင်တယ်လို့ ယင်းလူမှုကွန်ရက်အကောင့်မှာ ရေးသားထားတာလည်း ဖြစ်ပါတယ်။




ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ဖို့နဲ့ သက်သေအထောက်အထား ရရှိနိုင်ဖို့အတွက် အဖွဲ့ဝင်ကြေးပေးသွင်းပြီး တယ်လီဂရမ်ချန်နယ်မှာ ဝင်ရောက်ကြည့်ရှုခဲ့ရာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်ဗီဒီယိုဖိုင် အများအပြားကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ယင်းတယ်လီဂရန်ချန်နယ်တွင် လိင်ပိုင်းဆိုင်ရာ ဗီဒီယိုဖိုင်တွေကို Live အနေနဲ့ ကြည့်ရှုလိုပါက နောက်ထပ် ဘတ် ၁၀၀ ပေးသွင်းရမယ်လို့ ရေးသားဖော်ပြထားတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။


ထိုင်းအာဏာပိုင်တွေက အသွင်ယူစုံစမ်းစစ်ဆေးမှုတွေနဲ့ သက်သေအထောက်အထားတွေ ရယူပြီးနောက် ဆိုက်ဘာရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူရဲ့ တည်နေရာကို ရှာဖွေနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။


ပြစ်မှုကျူးလွန်သူ စိုင်းသန်းဦးဆိုသူကို ထိုင်းအာဏာပိုင်တွေက လူကုန်ကူးမှု၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေကို လက်ဝယ်ထားရှိမှုတွေနဲ့ အမှုဖွင့်အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


Ref: Matichon Online

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page