top of page

ကောလင်းမြို့ ကျေးရွာတွေကို စစ်ကောင်စီ ၂ ရက်ဆက်ဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး၊ ၇ ဦး ထိခိုက်ဒဏ်ရာရ

  • Writer: BVJ
    BVJ
  • Apr 18
  • 1 min read

BVJ/အိုင်းရစ် _ ဧပြီ ၁၁ ၊ ၂၀၂၅


စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အင်ပင်လှရွာ၊ သဲချောင်းရွာနဲ့ လျှော်ဖြူကုန်းရွာတို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ ရက်ဆက် လုပ်ဆောင်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (KLPDF) ထံက သိရပါတယ်။


မနေ့က ဧပြီ ၁၀ ရက်က စစ်ဘေးရှောင်အများစုရှိရာ အင်ပင်လှရွာကို စစ်ကောင်စီက ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးက ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လုံးမှာ စာသင်ကျောင်းအနီ ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံး ဒေသခံပြည်သူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။


ဒီနေ့ ဧပြီ ၁၁ ရက်မှာလည်း လျှော်ဖြူကုန်းနဲ့ သဲချောင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


“စစ်ရေးလှုပ်ရှားမှုတွေမရှိဘဲနဲ့ အရပ်သားပြည်သူတွေဘက်ကို စကစက ဗုံးကြဲချနေတာပါ။ အရပ်သားပြည်သူ သေဆုံးတာကတော့ ရှိပါတယ်။ အင်ပင်လှကို ၁၀ ရက်နေ့မှာ ကြဲသွားတယ်။ ၁၁ ရက် မနက် ၃ နာရီခွဲမှာ သဲချောင်းကို ကြဲသွားတယ်။ ညနေ ၃ နာရီခွဲမှာ လျှော်ဖြူကုန်းကို ကြဲသွားတာ” လို့ KLPDF တာဝန်ခံတစ်ဦးက Burma VJ ကို ပြောပါတယ်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ် အင်ပင်လှ၊ သဲချောင်းနဲ့ လျှော်ဖြူကုန်းကျေးရွာတို့က နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့စဉ် (Photo: KLPDF)
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ် အင်ပင်လှ၊ သဲချောင်းနဲ့ လျှော်ဖြူကုန်းကျေးရွာတို့က နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့စဉ် (Photo: KLPDF)

ကောလင်းမြို့အရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနားကားလမ်းမကြီးဘေးမှာရှိတဲ့ သဲချောင်းရွာကို စစ်ကောင်စီဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ချိန် ရွာအနီး လယ်ကွင်းထဲ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ မပေါက်ကွဲဘဲ ကျန်ခဲ့တယ်လို့လည်း သိရပါတယ်။ လျှော်ဖြူကုန်းရွာကို ဗုံးကြဲတိုက်ခိုက်ချိန် ဒေသခံပြည်သူ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး အမျိုသမီး ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။


အခုလ ဧပြီ ၉ ရက်ကလည်း ကောလင်းခရိုင် ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးအပါအဝင် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကာ နေအိမ်အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

Comentários


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page