top of page

ကြို့ပင်ကောက်မြို့က နယ်ထိန်းတစ်ဦးကို အုတ်ဖို PDF ပစ်ခတ်ရှင်းလင်း

  • Writer: BVJ
    BVJ
  • 9 hours ago
  • 1 min read

BVJ/ဇော် _ မေ ၁၄ ၊ ၂၀၂၅



ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ဘက်ကို ဆိုင်ကယ်စီးလာတဲ့ နယ်ထိန်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဒီနေ့ မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


မေလ ၁၃ ရက်နေ့ မနက် ၁၀နာရီ ၆မိနစ်မှာ ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာ နယ်မြေရဲစခန်းက နယ်ထိန်းမာန်ဟိန်းဆိုသူက ကြို့ပင်ကောက်မြို့ဘက်ကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့အချိန် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


“အပြန်အလှန်ပစ်ခတ်ခဲ့တာတော့ မရှိပါဘူး။ ကျနော်တို့ကိုမြင်တာနဲ့ အနီးအနားက အိမ်ထဲကို ဝင်ပြေးတာပါ။ ရဲဆိုတော့ အပစ်အနာအဆာတော်တော်များပါတယ်။ ၂၀၂၁ အာဏာစသိမ်းထဲက ယုတ်မာလိုက်ကြတာ မနေ့က မသတ်ခင်အထိပဲ။ အသက် ၃၁ နှစ် နယ်ထိန်းအရာရှိ မာန်ဟိန်းဖြစ်ပါတယ်။ သူကတော့ ၂၀၂၂ ခုနှစ် ၆ လပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူနှစ်ဦးကို ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ပစ်သတ်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ပြန်ကြားရေးတာဝန်ခံက Burma VJ ကို ပြောပါတယ်။


ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ ခြိမ်းခြောက် အနိုင်ကျင့်မှုတွေရှိနေတာကြောင့် အခုလို အရေးယူခဲ့ရတာဖြစ်ပြီး ပစ်ခတ်ရှင်းလင်းမှုကနေ G 3 ကျည် (၂၀)တောင့်၊ စကားပြောစက် တစ်လုံး၊ ဆိုင်ကယ် တစ်စီးနဲ့ ငွေသား (၆၀၀၀) ကျပ် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ ထောက်တိုင်တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် စစ်အုပ်စုအနီးကို သွားလာနေထိုင်တာတွေ လုံးဝမလုပ်ဖို့ကိုလည်း မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတိပေးထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page