top of page

အပြောင်းအရွှေ့ကိစ္စအငြင်းပွားနေတဲ့ အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုနည်းပြ ဆီမြွန်နီက လူစာရင်းကနေဖယ်ထားဖို့စီစဉ်

  • Writer: BVJ
    BVJ
  • 4 days ago
  • 1 min read

အီးကေ/BVJ_ သြဂုတ် ၁၈၊ ၂၀၂၆

ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ အကြိတ်အနယ်ဖြစ်နေတဲ့ တိုက်စစ်မှူး ဂျူလီယန် အာလ်ဗာရက်ဇ်ကို မာလာဂါအသင်းနဲ့ကစားမယ့် လာလီဂါ အဖွင့်ပွဲစဉ်မှာ လူစာရင်းကနေဖယ်ထားမယ်လို့ အက်သလက်တီကို မက်ဒရစ်အသင်းနည်းပြ ဒီယေဂို ဆီမြွန်နီက အင်္ဂါနေ့မှာအတည်ပြုပြောကြားလိုက်ပါတယ်။ အဲဒါကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အက်သလက်တီကိုနဲ့ မာလာဂါ ကစားမယ့်ပွဲမှာ ဂျူလီယန် အာလ်ဗာရက်ဇ် ပါဝင်ကစားမှာမဟုတ်ပါဘူး။


၂၀၂၄ ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းကနေ ပေါင် ၆၃ သန်း (အမေရိကန်ဒေါ်လာ ၈၆.၈ သန်း) နဲ့ အက်သလက်တီကိုအသင်းကိုပြောင်းရွှေ့လာပြီး ပရီးမီးယားလိဂ်ကိုစွန့်ခွာခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ကိုယ်ပိုင်အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားထားပါတယ်။


ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ "အိပ်မက်ကို အကောင်အထည်ဖော်ဖို့" အတွက် အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးခဲ့ဖူးကြောင်း အာလ်ဗာရက်ဇ်က ထုတ်ဖော်ပြောကြားခဲ့ပြီး စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အက်သလက်တီကို အမှုဆောင်အရာရှိချုပ် မီဂွယ် အန်ဂျယ် ဂျေး မာရင်ကတော့ အသင်းမှာဆက်ထိန်းထားချင်တဲ့ အဓိကကစားသမားအတွက် ယူရို သန်း ၂၀၀ ပေးရင်တောင်လက်ခံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။


"မီဂွယ် အန်ဂျယ်က အသင်းပိုင်ရှင်ပါ။ အသင်းပိုင်ရှင်ရဲ့ စကားထက် ပိုသေချာတာ ဘာမှမရှိပါဘူး၊ အလွန်ကိုရှင်းလင်းပြတ်သားပါတယ်။ တရားသူကြီးတစ်ဦးက 'အမှုပယ်ချသည်' လို့ အမိန့်ချမှတ်လိုက်တာနဲ့ အတူတူပါပဲ" လို့ ဗုဒ္ဓဟူးနေ့ ပွဲစဉ်မတိုင်မီ သတင်းထောက်တွေကို ဆီမြွန်နီက ပြောပါတယ်။


အာလ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းအတွက် ပွဲ ၁၀၆ ပွဲမှာ ဂိုးပေါင်း ၄၉ ဂိုး သွင်းယူပေးထားပြီးဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ ဗီလာရီးရဲလ်နဲ့ ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာတော့ ပါဝင်ကစားပေးနိုင်လိမ့်မယ်လို့ ဆီမြွန်နီက မျှော်လင့်နေပါတယ်။


အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ အာလ်ဗာရက်ဇ်ကို ထိပ်တန်းတိုက်စစ်မှူး ပစ်မှတ်တစ်ခုအဖြစ်သတ်မှတ်ခဲ့ပေမဲ့ ကစားသမားကိုယ်တိုင်က ဘာစီလိုနာကိုပဲပိုပြီးသဘောကျနေတယ်ဆိုတဲ့အချက်ကို လက်ခံလိုက်ရတာကြောင့် အခြားပစ်မှတ်တွေဆီကိုသာ ဦးတည်ခဲ့ရပါတယ်။ အဲဒီထဲမှာမှ ဂယ်လာတာစာရေးအသင်းရဲ့သွင်းဂိုးတွေနဲ့နာမည်ကြီးနေတဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကတော့ အာဆင်နယ်အတွက် အထင်ရှားဆုံးပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ခရက်ဒစ် - Reuters

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page