top of page

မြန်မာကုန်တင်သင်္ဘောကြောင့် သန္တာကျောက်တန်းထိခိုက်ပျက်စီးခဲ့မှုအတွက် လျော်ကြေးဘတ် ၁၂ သန်းတောင်းခံဖို့ ထိုင်း ပြင်ဆင်နေ

  • Writer: BVJ
    BVJ
  • Jun 4
  • 1 min read

BVJ/Moore _ ဇွန် ၄ ၊ ၂၀၂၅


Photo: Department of National Parks, Wildlife and Plant Conservation
Photo: Department of National Parks, Wildlife and Plant Conservation

ထိုင်းနိုင်ငံ ဖန်ငခရိုင် မူခိုဆူရင်အမျိုးသားဥယျာဉ်ထဲက သန္တာကျောက်တန်းတွေပေါ်မှာ မြန်မာကုန်တင်သင်္ဘောတစ်စီး သောင်တင်နေခဲ့တာကြောင့် သန္တာကျောက်တန်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လျော်ကြေးတောင်းခံဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။


ပင်လယ်ရေအောက်မှာရှိတဲ့ သန္တာကျောက်တွေ ထိခိုက်ပျက်စီးမှုအများအပြားဖြစ်ပေါ်ခဲ့တဲ့အတွက် လျော်ကြေးဘတ် ၁၂ သန်းထက်မနည်း တောင်းခံဖို့သွားဖို့ရှိနေပြီး မြန်မာကုန်တင်သင်္ဘောတာဝန်ရှိသူတွေကိုလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှုအတွက် အရေးယူသွားဖို့ရှိနေတယ်လို့ သိရပါတယ်။


Ao Jak ပင်လယ်ကမ်းခြေမှာ MV Ayar Linn ကုန်တင်သင်္ဘော သောင်တင်နေတာကို အခု ဇွန်လ ၁ ရက်မှာတွေ့ရှိခဲ့တာဖြစ်တယ်လို့ အမျိုးသားဥယျာဉ် သားငှက်နဲ့ အပင်ထိန်းသိမ်းရေးဌာန (DNP) က ညွှန်ကြားရေးမှူးချုပ် Athapol Charoenshunsa က ပြောပါတယ်။


Photo: Department of National Parks, Wildlife and Plant Conservation
Photo: Department of National Parks, Wildlife and Plant Conservation

မြန်မာကုန်တင်သင်္ဘောဟာ ရေတိမ်ပိုင်းကို ရောက်ရှိချိန် ရေအောက်ကျောက်ဆောင်နဲ့တိုက်မိခဲ့ပြီး ဝမ်းဗိုက်ပေါက်ကာ ရေဝင်မှုဖြစ်ပွားခဲ့တာကြောင့် နီးစပ်ရာကမ်းခြေနေရာမှာ ကျောက်ချရပ်နားခဲ့ဖွယ်ရှိပြီး ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ DNP ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။


သန္တာကျောက်တန်းနဲ့ သဘာပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှုကြောင့် မြန်မာကုန်တင်သင်္ဘောပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကို ဥပဒေအရ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့လည်း DNP ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ဒါ့အပြင် ထိုင်းအာဏာပိုင်တွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ကုန်တင်သင်္ဘောထဲမှာရှိနေတဲ့ စက်သုံးဆီတွေ ပင်လယ်ပြင်အတွင်း ယိုစိမ့်မှုမရှိအောင်လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


သန္တာကျောက်တန်း ထိခိုက်ပျက်စီးခဲ့တဲ့နေရာတွေကို ဂေဟစနစ်ကို ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်နေသလို အများပြည်သူနဲ့ ခရီးသွားဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် လက်ရှိနေရာကို ယာယီပိတ်ထားတယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page