အသက်၃၄နှစ်အရွယ် ဇိုရန်မမ်ဒါနီ နယူးယောက်မြို့ရဲ့ပထမဆုံး မူဆလင် မြို့တော်ဝန်ဖြစ်လာ
- BVJ

- Nov 10
- 1 min read
အေတီ/BVJ- နိုဝင်ဘာ ၅၊ ၂၀၂၅

အသက်၃၄နှစ်သာရှိသေးတဲ့ ဇိုရန်မမ်ဒါနီဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်ဝန်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့အတွက် အသက်အငယ်ဆုံးနဲ့ပထမဆုံး မူဆလင် မြို့တော်ဝန်ဖြစ်လာပါတယ်။
ဒီမိုကရက်တစ်ပါတီကိုယ်စားပြုဝင်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ဆိုရှယ်လစ် ဇိုရန် မမ်ဒါနီဟာ တသီးပုဂ္ဂလအနေနဲ့ဝင်ပြိုင်တဲ့ နယူးယောက်မြို့တော်ဝန်ဟောင်း အသက်၆၈နှစ် အင်ဒရူးကိုမိုကို ဖြတ်ကျော်အနိုင်ရခဲ့တာဖြစ်ပါတယ်။
"သူငယ်ချင်းတို့ရေ၊ မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းခဲ့တဲ့ နိုင်ငံရေးမျိုးဆက်တစ်ခုကို ငါတို့အခုဖြုတ်ချနိုင်လိုက်ပြီ"လို့ လူငယ်တွေ မဲအများစုနဲ့အနိုင်ရခဲ့တဲ့သူ့ကိုယ်သူ ဒီမိုကရက်တစ်ဆိုရှယ်လစ်တစ်ဦးလို့မှတ်ယူထားတဲ့ ဇိုရန်မမ်ဒါနီက အောင်ပွဲခံမိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။
ဒီမြို့တော်ဝန်ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့အတွက် အာဖရိကတိုက်အရှေ့ပိုင်း ယူဂန်ဒါနိုင်ငံမှာမွေးဖွားခဲ့တဲ့ မမ်ဒါနီဟာပထမဆုံး မူဆလင် နယူးယောက်မြို့တော်ဝင်အဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့ပါတယ်။သူအနိုင်ရရင် ဝင်ငွေများတဲ့သူတွေနဲ့ ကော်ပိုရေးရှင်းတွေဆီကအခွန်တိုးကောက်ပြီး လူမှုဖူလုံရေးအစီအစဉ်တွေတိုးချဲ့သွားမယ်လို့ ရွေးကောက်ပွဲကတိတွေနဲ့အတူ မမ်ဒါနီ အနိုင်ရခဲ့တာဖြစ်ပါတယ်။
မမ်ဒါနီရဲ့ မဲဆွယ်စည်းရုံးရေးခရီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အမေရိကန်တနိုင်ငံလုံးနဲ့ အခြားနိုင်ငံကလူတွေရဲ့ အာရုံစိုက်မှုရရှိခဲ့ပါတယ်။နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအတွင်းမှာ မမ်ဒါနီအနိုင်ရရင် နယူးယောက်ကိုပေးမယ့် ဖက်ဒရယ်ရန်ပုံငွေတွေကို ရပ်ဆိုင်းပစ်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးတော့ ဒေါ်နယ်ထရမ့်က မန်ဒါနီကို ကွန်မြူနစ်တစ်ဦးလို့လည်း စွပ်စွဲခဲ့ပါတယ်။
ဗာဂျီးနီးယားနဲ့နယူးဂျာစီပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွေမှာလည်း ဒီမိုကရက်တစ်ပါတီကိုယ်စားပြုတဲ့သူတွေအနိုင်ရခဲ့ပြီး ကယ်လီဖိုးနီးယားမဲဆန္ဒရှင်တွေက လာမယ့်နှစ်ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲမြေပုံကို ပြန်လည်ရေးဆွဲရန် အဆိုပြုချက်ကိုထောက်ခံခဲ့ကြပါတယ်။ဗာဂျီးနိးယားပြည်နယ်မှာ ရီပတ်ဘလစ်ကန်က အုပ်ချုပ်ရေးမှုးဖြစ်နေတာကို ဒီမိုကရက်ပါတီကိုယ်စားလှယ်ကအနိုင်ရသွားတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒတွေနဲ့လုပ်ရပ်တွေကြောင့် ၂၀၂၆ခုနှစ်မှာကျင်းပမယ့် လွှတ်တော်နဲ့ပြည်နယ်အုပ်ချုပ်ရေးမှုးအများစုကို ဒီမိုကရက်ပါတီကနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအရ ပြည်နယ်အုပ်ချုပ်ရေးမှုးတွေကို ပြည်နယ်တခုခြင်းစီအလိုက် သီးခြားရေးချယ်တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာပြည်နယ် ၅၀ ရှိပြီး လောလောဆယ်မှာ ရီပတ်ဘလစ်ကန်အုပ်ချုပ်ရေးမှုး ၂၇ ဦးနဲ့ ဒီမိုကရက်အုပ်ချုပ်ရေးမှူး ၂၃ ဦးဆီရှိနေပါတယ်။







Comments