ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ နော်ဝေ တောင်းဆို
- BVJ

- 5 hours ago
- 1 min read
BVJ_မေ ၇၊ ၂၀၂၆

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရတဲ့ သူတွေအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ရန်ကုန်အခြေစိုက် နော်ဝေသံရုံးက ဒီနေ့မှာထုတ်ပြချက်ထုတ်တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပုံမှန်ဆက်သွယ်ခွင့်ရဖို့၊ သင့်တော်တဲ့ဆေးကုသခွင့်ရဖို့ တောင်းဆိုထားတဲ့အပြင် အာဆီယံနဲ့ကုလသမဂ္ဂသံတမန်တွေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခွင့်ပေးဖို့ဆိုပြီး ရန်ကုန်အခြေစိုက် နော်ဝေသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာတွေ့ရပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်နဲ့တွေ့ဆုံခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက ဗုဒ္ဓဟူးနေ့ကတောင်းဆိုထားပါတယ်။




Comments