top of page

ဒေသတွင်းလုပ်ကြံခံရပြီး CDF – KKGတပ်ရင်း ၆ ဥက္ကဌအပါအဝင် ၃ ယောက်ကျဆုံး

  • Writer: BVJ
    BVJ
  • 6 hours ago
  • 1 min read

ယူဂရင်း/BVJ_သြဂုတ် ၁၃၊ ၂၀၂၆

၂၀၂၄၊မတ်လအတွင်းက CDF-KKG တပ်ရင်း (၄) ရဲဘော် မောင်ကျော်ဇင်ဦးကျဆုံးမှုအတွက် စျာပနပြုလုပ်နေပုံ။
၂၀၂၄၊မတ်လအတွင်းက CDF-KKG တပ်ရင်း (၄) ရဲဘော် မောင်ကျော်ဇင်ဦးကျဆုံးမှုအတွက် စျာပနပြုလုပ်နေပုံ။

ကလေး၊ ကဘော်၊ ဂန့်ဂေါမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF-KKGတပ်ဖွဲ့ဝင်တွေဟာ မနေ့က သြဂုတ် ၁၂ရက်ကဒေသတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်းရဲ့လုပ်ကြံမှုကိုခံလိုက်ရပြီး ကျဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။


လုပ်ကြံမှုဟာ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်းက ပိတောက်ကုန်းရွာ ရာဇမုနိဘုန်းကြီးကျောင်းကုန်းအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီလုပ်ကြံခံရမှုအတွင်း KKG တပ်ရင်း(၆) ဥက္ကဌ ဘဖြိုး၊ရဲဘော် မဲကြီးနဲ့ နောက်ထပ်အမျိုးသားတစ်ယောက်တို့သေဆုံးခဲ့ရတာဖြစ်ပါတယ်။


ဒီလုပ်ကြံမှုဟာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားက လုပ်ကြံမှုဖြစ်တာကြောင့် လက်ရှိမှာ ဒေသတွင်းညှိနှိုင်းဆွေးနွေးတာတွေရှိနေပြီး လုပ်ကြံသူတွေဟာလည်း ထွက်ပြေးလွတ်မြောက်နေတယ်လို့ အခြေအနေကိုသိရှိတဲ့ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။


လုပ်ကြံတဲ့တပ်ဖွဲ့ဟာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Black Dragon Force တပ်ဖွဲ့ကလို့သတင်းတွေထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

လက်ရှိမှာ CDF -KKG တပ်ဖွဲ့ကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသိပေးထုတ်ပြန်တာမျိုးမရှိသေးပါဘူး။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page