top of page

ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲပြင်းထန်နေ

  • Writer: BVJ
    BVJ
  • 2 minutes ago
  • 1 min read

မိုနာ/BVJ_သြဂုတ် ၁၄၊ ၂၀၂၆

သြဂုတ်လ (၁၂)ရက်တိုက်ပွဲတွေအတွင်း ရရှိခဲ့တဲ့လက်နက်တွေကို အာရက္ခတပ်တော်ကထုတ်ပြန်ထားပုံ။
သြဂုတ်လ (၁၂)ရက်တိုက်ပွဲတွေအတွင်း ရရှိခဲ့တဲ့လက်နက်တွေကို အာရက္ခတပ်တော်ကထုတ်ပြန်ထားပုံ။

အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ရဲ့ထိုးစစ်ကြောင့် ရခိုင်-ဧရာဝတီအစပ်နေရာတွေမှာတိုက်ပွဲပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်-AAက အသိပေးလာပါတယ်။


အခု သြဂုတ်လ ၁၂ရက်မှာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပွိင့် (၁၀၁) အနီးဝန်းကျင်နဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာနားက အေအေ စစ်ကြောင်းတွေရှိရာနေရာတွေကို စစ်အုပ်စုဘက်က လေကြောင်း၊ ဒရုန်းနဲ့မြေပြင်က လက်နက်ကြီးပစ်ကူတိုနဲ့ အင်အားသုံးပြီး အပြင်းအထန်ထိုးစစ်ဆင်လာတာကြောင့် အဲ့ဒီနေ့တရက်ထဲမှာပဲ နေရာ ငါးခုမှာတရက်လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့တာလို့ အေအေထုတ်ပြန်ချက်အရသိရပါတယ်။


စစ်အုပ်စုဘက်က ဂျက်ဖိုက်တာ၊ Y12 ၊ ဒရုန်းနဲ့ မြေပြင်လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး စစ်ကြောင်းဖြန့်ခွဲကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာဖြစ်ပေမယ့် မိမိတို့ဘက်က အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့တာကြောင့် ရန်သူ့အလောင်းနဲ့လက်နက်ခဲယမ်းအချို့ကို ရရှိခဲ့တယ်လို့ အေအေကပြောထားပါတယ်။


ဒါ့အပြင် "ရန်သူ၏ ထိုးစစ်တိုင်းကို တည်ငြိမ်စွာဖြင့် ခုခံစစ်ဆင်နွှဲရင်း ရန်သူတပ်လန်သွားသည်အထိ ရဲရင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်"လို့ အေအေထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်ကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့ ရခိုင်ဒေသနဲ့ဆက်စပ်နေတဲ့ မကွေး၊ဧရာဝတီ၊ပဲခူးတိုင်းတို့နဲ့ ချင်းပြည်နယ်တို့ကို ပုံစံအမျိုးမျိုး၊နည်းလမ်းအမျိုးမျိုးနဲ့ထိုးစစ်ဆင်နေတာဟာ အချိန်တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး အဲ့ဒီထဲကမှ ရခိုင်-ဧရာဝတီအစပ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page