top of page

တောင်သာက Gasပိုက်လိုင်းစောင့် ဒုဗိုလ်ကို ဒေသတပ်ဖွဲ့ပစ်ရှင်း

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

ယူဂရင်း/BVJ_သြဂုတ် ၁၄၊ ၂၀၂၆

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တရုတ်ဂက်စ်ပိုင်းလိုင်းဂိတ်စောင့်ဖြစ်တဲ့ ဒုဗိုလ်တစ်ဦးကို ‌မနေ့က သြဂုတ် ၁၃ရက် မနက်ခုနှစ်နာရီအချိန်လောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသတပ်ဖွဲ့ ဖြစ်တဲ့ Taung Tha People Defense Forceက သတင်းထုတ်ပြန်ပါတယ်။


ဝဲလောင်စခန်းကနေ အေးရွာဂါတ်ပိုက်လိုင်းအထိုင်ဂိတ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်နဲ့သွားလာနေတယ်လို့သတင်းရတာကြောင့် ကင်းပုန်းဝတ်စောင့်နေချိန်မှာ အရပ်ဝတ်နဲ့လာတဲ့အမှတ် ၇၈ တပ်(ကြည်း)က ဒုဗိုလ်မောင်သိန်းဆိုသူကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


"အေးရွာဂါတ်ပိုက်လိုင်းအထိုင်ဂိတ်မှဆိုင်ကယ်ဖြင့်လာသော ၇၈တပ်(ကြည်း)မှ ဒုဗိုလ်မောင်သိန်းအား ကျွန်​ပ်တို့ရဲဘော်များမှတားဆီးပြီးအရှင်ဖမ်းရန်ကြိုးစားစဥ် ဒုဗိုလ်မောင်သိန်းမှလက်ပစ်ဗုံးဖြင့်ထုပီးပြန်လည်ခုခံသဖြင့် အသေပစ်ခတ်ခဲ့ပါသည်"လို့ တောင်သာPDFကပြောထားပါတယ်။
ဒုဗိုလ်မောင်သိန်းကိုရှင်းလင်းပြီးနောက် ရရှိခဲ့တဲ့လက်ပစ်ဗုံးနဲ့ဆိုင်ကယ်ကို တောင်သာPDFထုတ်ပြန်ထားပုံ။
ဒုဗိုလ်မောင်သိန်းကိုရှင်းလင်းပြီးနောက် ရရှိခဲ့တဲ့လက်ပစ်ဗုံးနဲ့ဆိုင်ကယ်ကို တောင်သာPDFထုတ်ပြန်ထားပုံ။

သူ့ဆီကနေ လက်ပစ်ဗုံးတစ်လုံး၊ငွေသားအချို့နဲ့ ဆိုင်ကယ်တစ်စီးကိုသိမ်းဆည်းရရှိခဲ့တယ်လို့လည်း ‌တောင်သာPDFကထုတ်ပြန်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page