top of page

ပြည်ပနိုင်ငံတွေရဲ့စွက်ဖက်မှုနဲ့ရွေးကောက်ပွဲပျက်အောင်လုပ်လို့မရဘဲ မုချအောင်မြင်ရမယ်လို့ စစ်အုပ်စုပြောခွင့်ရဆို

  • Writer: BVJ
    BVJ
  • Nov 11
  • 1 min read

မိုနာ/BVJ_နိုဝင်ဘာ ၁၁၊ ၂၀၂၅

အဆိုတော်တွေနဲ့ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုပြုလုပ်နေပုံကို စစ်အုပ်စုဖော်ပြထားပုံ။
အဆိုတော်တွေနဲ့ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုပြုလုပ်နေပုံကို စစ်အုပ်စုဖော်ပြထားပုံ။

စစ်အုပ်စုက အခုနှစ်ကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ဆောင်ရွက်နေသလို ရွေးကောက်ပွဲကို ပြည်ပနိုင်ငံတွေရဲ့စွက်ဖက်မှု၊သြဇာတို့နဲ့လည်း ပျက်ပြားအောင်လုပ်လို့မရဘူးလို့ စစ်အုပ်စုပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က နိုဝင်ဘာ ၁၀ရက်ညပိုင်းမှာ ပြောလာပါတယ်။

 

“တိုင်းတပါးနိုင်ငံများရဲ့သြဇာအာဏာနဲ့ မည်သည့်ဝင်ရောက်စွက်ဖက်မှုကိုမှ ကျ‌နော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကို ပျက်ပြားအောင် ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ ကျနော်တို့ဟာမြန်မာနိုင်ငံသားတွေဖြစ်တယ်။ မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကို မြန်မာနိုင်ငံသားတွေကပဲ ဖန်တီးနိုင်ခွင့်ရှိပါတယ်။ မြန်မာ့အရေးကို ‌ရွေးကောက်ပွဲမဲပေးတဲ့ကျနော်တို့ မြန်မာနိုင်ငံသားတွေကပဲ အသိအမှတ်ပြုဆုံးဖြတ်ရပါမယ်။ ဒါဆိုရင် လုံလောက်နေပြီဖြစ်ပါတယ်”လို့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သဘောထားကိုထုတ်ပြောလာတာပါ။

 

ဒ့ါအပြင် ရွေးကောက်ပွဲမုချအောင်မြင်ရမှာဖြစ်ပြီး ပြည်သူတွေမဲ‌ပေးကြဖို့ကိုလည်း စစ်အုပ်စုပြောခွင့်ရက တိုက်တွန်းထားပါသေးတယ်။

 

မြန်မာ့အကျပ်အတည်းဖြေရှင်းရေးနဲ့ပတ်သက်တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းစစ်အုပ်စုကလိုက်နာဖို့ပျက်ယွင်းတာကြောင့် ရွေးကောက်ပွဲကို အာဆီယံစောင့်ကြည့်လေ့လာရေးအဖွဲ့တွေစေလွှတ်မှာမဟုတ်ဘူးလို့ သတင်းထွက်ပေါ်လာပြီးနောက်မှာ စစ်အုပ်စုဘက်ကသဘောထားကို အခုလိုထုတ်ပြောလာတာဖြစ်ပါတယ်။

 

အဆိုတော်တွေနဲ့ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုပြုလုပ်နေပုံကို စစ်အုပ်စုဖော်ပြထားပုံ။
အဆိုတော်တွေနဲ့ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုပြုလုပ်နေပုံကို စစ်အုပ်စုဖော်ပြထားပုံ။

စစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာ ရွေးကောက်ပွဲအပိုင်း-၁ကိုစတင်ကျင်းပမှာဖြစ်ပြီး အဲ့ဒီအတွက်လည်း ရွေးကောက်ပွဲမှာမဲပေးဖို့နဲ့ပြည်သူတွေပါဝင်‌အောင် မင်းသား၊မင်းသမီး၊ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်စတဲ့ အနုပညာရှင်တွေနဲ့စည်းရုံးလှုံ့ဆော်မှုတွေကို လုပ်ဆောင်နေပါတယ်။

 

တဖက်မှာလည်း စစ်အုပ်စုရွေးကောက်ပွဲမှာမပူးပေါင်း၊မပါဝင်သူတွေ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းတွေမှာ မပါဝင်တဲ့အနုပညာရှင်တွေကို ဖမ်းဆီးစစ်ဆေးဖိအားပေးတာတွေ ရှိနေသလို၊ ရွေးကောက်ပွဲဇာတ်လမ်းတွေကို ဝေဖန်သူတွေ၊ ဝေဖန်ထောက်ပြတဲ့သတင်းတွေမှာ Like၊ Loveစတဲ့ reactပေးသူတွေကို ဖမ်းဆီးအမှုဖွင့်တာတွေကိုလည်း တောက်လျောက်လုပ်နေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page