top of page

အမေရိကန်သံတမန်တစ်ဦး ရန်ကုန်မှာသေဆုံးမှုနဲ့ ထိုင်းမျိုးသမီးတစ်ဦးဖမ်းခံထားရ

  • Writer: BVJ
    BVJ
  • Jun 11
  • 1 min read

အီးကေ/BVJ - ဇွန် ၁၀၊ ၂၀၂၆

ရန်ကုန်မြို့မှာ အမေရိကန်သံတမန်တစ်ဦးသေဆုံးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနကအတည်ပြုခဲ့ပြီးနောက် အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့ ရန်ကုန်သံတမန်အသိုင်းအဝိုင်းလာတဲ့သတင်းတွေအရ သိရပါတယ်။


ရန်ကုန်ရှိ သူတို့သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ "အမေရိကန်အစိုးရ ဝန်ထမ်းတစ်ဦးသေဆုံးခဲ့"ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနကအတည်ပြုခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေတော့ ဘာမှထုတ်မပြောသေးပါဘူး။


အေပီ (Associated Press)သတင်းဌာနရဲ့မေးမြန်းမှုကို အမေရိကန်နိုင်ငံခြားရေးဌာနကအီးမေးလ်ကတစ်ဆင့်ပြန်လည်ဖြေကြားရာမှာတော့ "သေဆုံးသူရဲ့ မိသားစုဝင်တွေ၊ချစ်ခင်ရသူတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားသောအားဖြင့် အခုအချိန်မှာထုတ်ပြောဖို့မရှိသေးပါဘူး”လို့ဆိုပါတယ်။


အမည်မဖော်လိုတဲ့ သံတမန်အသိုင်းအဝိုင်းလူပုဂ္ဂိုလ်သုံးဦးရဲ့ပြောကြားချက်အရဆိုရင် အဲ့ဒီအမျိုးသားဟာ လွန်ခဲ့တဲ့နှစ်ပတ်ခန့်က ရန်ကုန်မြို့က Sakura Residence & Hotelမှာ သေဆုံးနေတာကိုတွေ့ရှိခဲ့တာပါ။

ဆာကူရာဟိုတယ်ဟာ ရေရှည်ငှားရမ်းနေထိုင်နိုင်တဲ့နေရာတစ်ခုဖြစ်ပြီး သံတမန်တွေ၊ လုပ်ငန်းရှင်တွေနဲ့နိုင်ငံတကာကလာရောက်သူတွေကြား ရေပန်းစားတဲ့နေရာတစ်ခုဖြစ်ပြီး အမေရိကန်သံရုံးနဲ့ ၁.၅ ကီလိုမီတာ (၁ မိုင်ခန့်) အကွာအဝေးမှာ တည်ရှိပါတယ်။


ရဲတပ်ဖွဲ့က ဒီအမှုကိုလူသတ်မှုလို့သံသယရှိကာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ထိုင်းအမျိုးသမီးတစ်ဦးကိုထိန်းသိမ်းထားတယ်လို့ပြောပါတယ်။ စစ်အုပ်စုလက်အောက်ခံမြန်မာအာဏာပိုင်တွေဟာ မီဒီယာတွေကိုသတင်းအချက်အလက်ပေးလေ့မရှိပါဘူး။ ဆာကူရာဟိုတယ်တည်ရှိတဲ့ ရပ်ကွက်တာဝန်ခံရဲစခန်းကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ကျရဲအရာရှိက ဘာတစ်ခုမှမှတ်ချက်မပေးဘဲဖုန်းချသွားခဲ့ပါတယ်။


ဒါ့အပြင် ဆာကူရာဟိုတယ်မန်နေဂျာဘက်ကလည်း တစ်စုံတစ်ရာမှတ်ချက်မပေးပါဘူး။ ရန်ကုန်က ထိုင်းသံရုံးနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း ဖမ်းဆီးခံထားရသူအတွက် ကောင်စစ်ဝန်ဆိုင်ရာအကူအညီတွေပေးအပ်ထားခြင်း ရှိ၊ မရှိကိုပြောကြားဖို့ငြင်းဆန်ခဲ့ပြီး အခြားအချက်အလက်တွေကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ခရက်ဒစ်-အေပီ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page