top of page

ရန်ကုန်UGရဲဘော်နှစ်ယောက် ဖမ်းခံရ

  • Writer: BVJ
    BVJ
  • Nov 17
  • 1 min read

ယူဂရင်း/BVJ_ နိုဝင်ဘာ ၁၇၊ ၂၀၂၅

မြို့ပြUGတွေလည်း ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက်ပွဲကနေကြောင်း YUPAအဖွဲ့က စက်တင်ဘာ ၂၀ရက်က ကြေညာထားပုံ။
မြို့ပြUGတွေလည်း ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက်ပွဲကနေကြောင်း YUPAအဖွဲ့က စက်တင်ဘာ ၂၀ရက်က ကြေညာထားပုံ။

Yangon UG People Army -YUPAရဲ့ ရဲဘော်နှစ်ယောက်ဖြစ်တဲ့ ကေစီနဲ့မိုးလေးတို့ ဖမ်းဆီးခံလိုက်ရတယ်လို့ အဖွဲ့က အသိပေးပါတယ်။


မနေ့က နိုဝင်ဘာ ၁၆ရက်မှာဖမ်းခံလိုက်ရတာဖြစ်ပြီး သူတို့နှစ်ယောက်နဲ့ အဆက်အသွယ်ရှိထားသူတွေအနေနဲ့ လုံးဝအဆက်အသွယ်မလုပ်ကြဖို့ကိုလည်း YUPAက ပြောထားပါတယ်။


ဒါ့အပြင် ကျန်တဲ့အဖွဲ့ဝင်တွေလည်းအရေးပေါ်ရွှေ့ပြောင်းလိုက်ရတာကြောင့် အရေးပေါ်ရွှေ့ပြောင်းစားရိတ်လိုအပ်နေလို့လည်း YUPAကထုတ်ပြန်ပါတယ်။


ရန်ကုန်မှာပြီးခဲ့တဲ့ရက်ပိုင်းက ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တချို့ကိုဖမ်းဆီးမှုလုပ်နေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက Burma VJကိုပြောပါတယ်။

အခုဖမ်းဆီးမှုတွေဟာ ရွေးကောက်ပွဲနီးလာလို့လုပ်ဆောင်တာလည်းဖြစ်နိုင်သလို စစ်တပ်ကစုဆောင်းနေတဲ့ ပြည်သူ့စစ်မှုထမ်းအတွက် လူဖြည့်နေတာလည်းဖြစ်နိုင်တယ်လို့ ရန်ကုန်မှာနေထိုင်သူက ပြောပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page