top of page

ရန်ကုန်၊တရုတ်တန်း ၁၉လမ်းကို ည‌စျေးအဖြစ်ပြောင်းလဲဖွင့်လှစ်

  • Writer: BVJ
    BVJ
  • Jun 10
  • 1 min read

အီးကေ/BVJ_ဇွန် ၉၊ ၂၀၂၆

အရင်ကလမ်းဘေးစျေးသည်တွေနဲ့အလွန်စည်ကားတဲ့ ရန်ကုန်မြို့က တရုတ်တန်း(၁၉)လမ်းကို ရက်၁၀၀ စီမံချက်နဲ့ရန်ကုန်စည်ပင်ကရှင်းလင်းပြီးနောက်မှာ ဒီနေ့ညနေပိုင်းမှာတော့ ညစျေးဆိုပြီးပြန်လည်ဖွင့်လှစ်လာပါတယ်။


ရက် ၁၀၀ စီမံချက်အဖြစ် မေလကုန်ပိုင်းကစတင်ပြီး (၁၉)လမ်းမပေါ်မှာ ဆိုင်ခင်းရောင်းချတာတွေ၊လမ်းဘေးဈေးသည်တွေဝင်ရောက်ရောင်းချတာတွေကို ပိတ်ပင်တားမြစ်ခဲ့တာဖြစ်ပါတယ်။


(၁၉)လမ်းကို နိုင်ငံတကာအဆင့်မီညဈေးတန်းတစ်ခုဖြစ်လာစေဖို့ ရက်၁၀၀ စီမံကိန်းနဲ့အတူပြန်လည်အဆင့်မြှင့်တင်မှုတွေဆောင်ရွက်နေကြောင်း ကြံ့ဖွံ့-USDPပါတီရဲ့ လသာမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးနေဝင်းကပြောဖူးပါတယ်။


ဒါပေမယ့် သူပြောသလို(၁၉)လမ်းဟာ နိုင်ငံတကာအဆင့်မီညဈေးတန်းတစ်ခုဖြစ်လာမလား၊ အရင်ကလိုပဲလူတွေကြိတ်ကြိတ်တိုး ဆက်စည်ကားပါဦးမလားဆိုတာ မသေချာသေးပေမယ့် ရောင်းချခွင့်ပိတ်လိုက်တာကြောင့် စျေးရောင်းခွင့်မရှိတော့တဲ့လမ်းဘေးဈေးသည်တွေကတော့ လက်ရှိမှာအလုပ်လက်မဲ့တွေဖြစ်ကုန်ကြပါတယ်။

တဖက်မှာလည်း စစ်အုပ်စုကညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေအပေါ် အချိန်ကန့်သတ်ပိတ်ပင်ထားမှုတွေပြုလုပ်ထားတာ၊ မြေပြင်မှာတင်းကျပ်တဲ့စည်းမျဥ်းတွေရှိနေတာကြောင့် သူတို့ရဲ့ ၁၉လမ်းစီမံကိန်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေနဲ့ဝေဖန်မှုတွေရှိနေပါတယ်။

ဓာတ်ပုံ - BVJ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page