top of page

ရေဦး၊ တမာတောတိုက်နယ်ဆေးရုံကို စစ်အုပ်စုဗုံးကြဲ

  • Writer: BVJ
    BVJ
  • Dec 18, 2025
  • 1 min read

BVJ/ဒီဇင်ဘာ ၁၈၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် တမာတောကျေးရွာတိုက်နယ်ဆေးရုံကို မနေ့က ည ၁၀နာရီကျော်လောက်မှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အခုလို လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရတာမရှိပေမယ့် ဆေးရုံတခုလုံးပျက်စီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး)ကဒီကနေ့မှာထုတ်ပြန်ထားပါတယ်။

လက်ရှိဗုံးကြဲခံရတဲ့ တမာတောကျေးရွာစစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့ အခုလိုလာရောက်ဗုံးကြဲသွားတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး)ကဆိုထားပါတယ်။


ပုံစာ- စစ်အုပ်စုလေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့ တမာတောတိုက်နယ်ဆေးရုံ

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page