top of page

ရေစကြိုမြို့နယ် ငတရော်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု အမျိုးသမီး သုံးဦးသေဆုံး၊ အများအပြားဒဏ်ရာရ

  • Writer: BVJ
    BVJ
  • Sep 1
  • 1 min read

အေတီ/BVJ - သြဂုတ် ၃၁၊ ၂၀၂၅

ree

ဒီနေ့ သြဂုတ်လ ၃၁ရက်နေ့ နေ့လယ် ၁:၁၅မိနစ်မှာ မကွေးတိုင်း ရေစကြိုမြို့နယ် ‌ရေလယ်ကျွန်း‌‌ဒေသ ငတရော်ရွာကို လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံအမျိုးသမီး သုံးဦးသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။


Info Committee Yesagyo က တယ်လီဂရမ်မှာ ထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေထဲမှာ သေဆုံးဒဏ်ရာရတဲ့သူအားလုံးနီးပါးက အမျိူးသမီးတွေဖြစ်နေတာတွေ့ရပါတယ်။


ရေစကြိုမြို့နယ် ငတရော်ကျေးရွာဟာ ၂၀၂၂ခုနှစ်သြဂုတ်လတုန်းကလည်း စစ်အုပ်စုစစ်ကြောင်းထိုးပြီးမီးရှို့ခံထားရတဲ့ ရွာဖြစ်ပါတယ်။

ree

အာဏသိမ်းစစ်အုပ်စုက ရေစကြိုနယ် ရေလယ်ကျွန်းဒေသကကျေးရွာတွေကို လေကြောင်းက ဗုံးကြဲတာ၊ မြေပြင်ကနေစစ်ကြောင်းထိုး မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်လုပ်ဆောင်လေ့ရှိပါတယ်။


ဓာတ်ပုံ_ Info Committee Yesagyo


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page