ရေစကြို ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးသားအဖကို PDFရှင်း
- BVJ

- Jun 9
- 1 min read
BVJ_ဇွန် ၉၊ ၂၀၂၆

မကွေးတိုင်း၊ရေစကြိုမြို့နယ် အမှတ်(၄)ရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူတို့ကိုရှင်းလင်းခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)က ဒီနေ့ ဇွန်လ ၉ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
မနေ့က ဇွန် ၈ရက်ညပိုင်းမှာ ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင်(ခ)ငလွင်နဲ့ သားဖြစ်သူ ပျူစောထီးရဲမာန်တို့ကို ရေစကြိုမြို့ပေါ်ကသူတို့အိမ်ပေါ်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဝင်ဖမ်းခဲ့ချိန်မှာ ထွက်ပြေးတာကြောင့် နေရာမှာပဲတခါထဲရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ရေစကြိုမြို့ပေါ် က စစ်အုပ်စုနဲ့တိုက်ရိုက်ပတ်သက်သူတွေ၊ သွယ်ဝိုက်ပြီး ပေါင်းသင်းဆက်ဆံထောက်ပံ့နေသူတွေ ဘယ်သူ့ကိုမဆိုလည်းအာမခံချက်မရှိဘဲ ထိရောက်စွာအပြစ်ပေးအရေးယူမှာဖြစ်တယ်လို့ ရေစကြိုပကဖကကြေညာပါတယ်။
အခုရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူးသားအဖနှစ်ဦးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို Burma VJအနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။




Comments