top of page

တော်လှန်ရေးတပ်ဖွဲ့ဖမ်းသွားတဲ့ ကျောင်းဆရာမအပါအဝင် ၆ ဦးပြန်လွတ်လာ

Writer: BVJ
BVJ
Sep 10
1 min read

မိုနာ/BVJ_စက်တင်ဘာ ၁၀၊ ၂၀၂၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာကနေ အခုလ စက်တင်ဘာ ၈ရက်မှာဖမ်းဆီးသွားတဲ့ အမျိုးသမီး(၃)ဦးနဲ့အမျိုးသား(၃)ဦးကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေကပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသခံကBurma VJကိုပြောပါတယ်။


ဖမ်းဆီးထားသူ(၆)ဦးထဲမှာ အထက်တန်းပြကျောင်းဆရာမတစ်ဦးလည်းပါဝင်ပြီး သူတို့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမြို့ပေါ်ကိုအသွားအလာရှိပြီး စစ်အုပ်စုဘက်နဲ့ဆက်သွယ်ခဲ့တာကြောင့် ဗျူဟာ ၁၆ လက်အောက်ခံ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးဖို့ခေါ်ယူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


အဲ့ဒီ (၆)ဦးကိုဖမ်းဆီးပြီးနောက်ပိုင်းမှာ ပြန်လွှတ်ပေးဖို့ဆိုပြီးဒေသတွင်းဆန္ဒပြမှုတွေရှိနေချိန် မနေ့က စက်တင်ဘာ ၉ရက်မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။


ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို သီးခြားအတည်ပြုနိုင်တာမရှိသေးသလို တော်လှန်ရေးတပ်ဘက်ကလည်းထုတ်ပြန်တာမရှိသေးပါဘူး။


စစ်အုပ်စုဘက်ကတော့ အကြမ်းဖက်ခြိမ်းခြောက်ဖမ်းဆီးခံရသူတွေဟာ စည်ပိုင်းကျေးရွာမှာနေထိုင်သူတွေဖြစ်တဲ့ ဦးစိုးဝင်း (၆၀) နှစ်၊ဦးတင်ရှိန် (၇၂) နှစ်၊ ဦးကျော်ကျော်ဦး (၄၀) နှစ်၊ ဒေါ်ပူတူးမ (၃၇) နှစ်၊ ဒေါ်အိမိုးဝင်း (၃၅) နှစ်နဲ့ အခြေခံပညာအထက်တန်းကျောင်းခွဲ (စည်ပိုင်းကျေးရွာ)က အထက်တန်းပြကျောင်းဆရာမ ဒေါ်ဌေးဌေးနွယ် (၃၇) နှစ်တို့ဖြစ်ပြီး PDFအင်အား ၁၅ဦးခန့်နဲ့လာဖမ်းသွားကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page