top of page

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်ရည်ရွယ်ပြီး ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်

  • Writer: BVJ
    BVJ
  • Jun 16
  • 1 min read

BVJ_ဇွန် ၁၆၊၂၀၂၆

အခုလ ဇွန် ၁၉ရက်မှာကျရောက်မယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁နှစ်ပြည့်မွေးနေ့အတွက်ရည်ရွယ်ပြီး စစ်အုပ်စုလုံခြုံရေးမပြတ်ရှိနေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


"အကြမ်းဖက် စစ်တပ်ရဲ့ စောင့်ကြည့်မှုများကြားထဲမှ ရန်ကုန် နှင်းဆီများ ပေါ်ပေါက်လာပြန်ပြီဖြစ်ပါတယ်။

နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်မြို့ရဲ့ အထင်ကရ‌ နေရာများ ၊ လမ်းများမှတဆင့် စီးကူးသယ်ဆောင်ရင်း ရန်သူ့အခြေစိုက်နယ်မြေမှာဘဲ ရန်သူကြောက်တဲ့ နှင်းဆီပန်းများကို မြင်တွေ့နိုင်အောင် ကြိုးစားခဲ့ကြပါတယ်"လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ဒီနေ့မှာ ဖော်ပြပါတယ်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကိုဂုဏ်ပြုညွှန်းဆိုတဲ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်နေ့မှာ ပြည်လုံးကျွတ် မိမိဒေသလုံခြုံရေးအခြေအနေအပေါ် မူတည်ပြီး လှုပ်ရှားမှုတခုခုလုပ်ကြဖို့ဆိုပြီးလည်း သပိတ်အဖွဲ့တွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကလှုံ့ဆော်ထားကြပါတယ်။

နှင်းဆီလှုပ်ရှားမှုကနေ (၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ဖို့၊ (၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းဖို့နဲ့ (၃) မြန်မာပြည်ရဲ့ သမ္မတဟာဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်းဆိုပြီး စစ်အုပ်စုနဲ့တကွ တကမ္ဘာလုံးကို အသိပေးတောင်းဆိုထားပါတယ်။


ဓါတ်ပုံ-GSCB

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page