top of page

ဘုန်းကြီးကျောင်းရန်ပုံငွေ ဘတ် ၂ ဘီလီယံကျော်အလွဲသုံးစားလုပ်မှုနဲ့ ထိုင်းဆရာ​တော်​​ဟောင်း ထောင်ဒဏ်နှစ် ၅၀ ချမှတ်ခံရ

  • Writer: BVJ
    BVJ
  • Apr 22
  • 1 min read

အီးကေ/BVJ_ဧပြီ ၂၂၊ ၂၀၂၆

နခွန်ပထုံခရိုင်၊ဝပ်ရိုင်းခင်း (Wat Rai Khing) ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဟောင်း အသက်၇၀ ဖရာသမ္မ ဝါချီရာနုဝပ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့က ဘန်ကောက်မြို့ရှိ အဂတိလိုက်စားမှုနဲ့အကျင့်ပျက်ခြစားမှုဆိုင်ရာ ရာဇဝတ်တရားရုံးကို ဖမ်းဆီးခေါ်ဆောင်သွားစဥ်။
နခွန်ပထုံခရိုင်၊ဝပ်ရိုင်းခင်း (Wat Rai Khing) ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဟောင်း အသက်၇၀ ဖရာသမ္မ ဝါချီရာနုဝပ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့က ဘန်ကောက်မြို့ရှိ အဂတိလိုက်စားမှုနဲ့အကျင့်ပျက်ခြစားမှုဆိုင်ရာ ရာဇဝတ်တရားရုံးကို ဖမ်းဆီးခေါ်ဆောင်သွားစဥ်။

ပြီးခဲ့တဲ့နှစ်က ဟိုလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ဘုန်းကြီးကျောင်းရန်ပုံငွေ အလွဲသုံးစားမှုနဲ့စွဲချက်တင်ခံထားရတဲ့ နခွန်ပထုံခရိုင်၊ ဝပ်ရိုင်းခင်း (Wat Rai Khing) ဘုန်းတော်ကြီးကျောင်းက သက်တော် ၇၀ အရွယ်ကျောင်းထိုင် ဆရာတော်ဟောင်း "ယမ်း အင်းခရွန်ကောင်း" (Yaem Ingkrungkao) ကို ဗုဒ္ဓဟူးနေ့က ထောင်ဒဏ်နှစ်၅၀ချမှတ်လိုက်ပါတယ်။


ဒီအမှုနဲ့ပတ်သက်တဲ့ အခြားတရားခံလေးဦးဖြစ်တဲ့ မအရန်ညာဝမ် (ခ) "ဆီကာဂျင်"၊ ရဟန်းလူထွက် ဧကပေါ့ဖူးကန်းနဲ့ ဇနီးမောင်နှံဖြစ်သူ မပတ်ချရာပွန် (ခ) တေးနဲ့အရာခံဗိုလ် ချတ်ချိုင်းစီလျန်တို့ကိုလည်း အဂတိလိုက်စားမှုနဲ့အကျင့်ပျက်ခြစားမှုဆိုင်ရာ အလယ်ပိုင်းရာဇဝတ်တရားရုံးက ထောင်ဒဏ် ၈ နှစ်စီ ချမှတ်ခဲ့ပါတယ်။


သတင်းတွေအရ သူတို့အာလုံးဟာဘုန်းကြီးကျောင်းရန်ပုံငွေ ဘတ် ၂ ဘီလီယံကျော်လိမ်လည်မှုနဲ့ပြစ်ဒဏ်စီရင်ခံရတာဖြစ်ပါတယ်။"တိတ်ယမ်း" (Tid Yaem)လို့လူသိများတဲ့ ကျောင်းထိုင်ဆရာတော်ဟောင်းဟာ တာဝန်ဝတ္တရား ပျက်ကွက်မှု၊ အလွဲသုံးစားမှုတို့နဲ့ ပြစ်ဒဏ်ကျခံရတာဖြစ်ပြီး ကျန်လေးဦးကတော့ သူ့ကိုအားပေးကူညီမှုနဲ့အပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။


အမှုနောက်ခံဖြစ်ရပ်

ဒီအမှုက ၂၀၂၅ ခုနှစ်၊မေလမှာစတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဆမ်ဖရန်ခရိုင်ရှိ နာမည်ကျော်ဘုန်းကြီးကျောင်းမှာ ငွေကြေးအလွဲသုံးစားမှုတွေရှိနေကြောင်း ရာဇဝတ်မှုနှိမ်နင်းရေးဌာနကိုတိုင်ကြားချက် ရောက်ရှိလာတဲ့အတွက် အရပ်ဝတ်ရဲအရာရှိတွေက ရှစ်လကြာ လျိူ့ဝှက်စောင့်ကြည့်စုံစမ်းဖော်ထုတ်ခဲ့ကြပါတယ်။


ထ "ဖရာသမ္မ ဝါချီရာနုဝပ်"လို့ဘွဲ့အမည်ရ တိတ်ယမ်းဟာ ကျောင်းကော်မတီကို အသုံးချပြီး ဘုန်းတော်ကြီးကျောင်းဘဏ်အကောင့်ထဲက ငွေအမြောက်အမြားကို သူ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲလွှဲပြောင်းခိုင်းတယ်လို့ ရဲတပ်ဖွဲ့ကဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီကတဆင့် မအရန်ညာဝမ် (ခ) "ဆီကာဂျင်ရဲ့အကောင့်ထဲထပ်ဆင့်လွှဲပြောင်းခဲ့ပြီး အဲ့ဒီငွေတွေကို အွန်လိုင်းလောင်းကစားပြုလုပ်ရာမှာအသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ် မေလ ၁၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ကဖမ်းဝရမ်းထုတ်ဖို့ပြင်ဆင်နေချိန် တိတ်ယမ်းကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပြီး အဲ့ဒီနေ့မှာပဲလူဝတ်လဲခံခဲ့ရပါတယ်။ ဒီအမှုဟာပြီးခဲ့တဲ့နှစ်အတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ပေါ်ပေါက်ခဲ့တဲ့ ဝါရင့်ဆရာတော်ကြီးတွေပါဝင်ပတ်သက်နေတဲ့ ဘုန်းကြီးကျောင်းအရှုပ်တော်ပုံတွေထဲကတစ်ခုဖြစ်ပါတယ်။


ခရက်ဒစ်- Bangkok Post



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page